ဒေါ်အောင်ဆန်းစုကြည် မဲပေးရန် မဲရုံရောက်ရှိ (ရုပ်သံ)
DVB
·
November 8, 2015
ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ်မဲပေးမယ့် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြား ၂ ရပ်ကွက် အမှတ် (၃) အခြေခံပညာ မူလတန်းကျောင်း မဲရုံကို နိုဝင်ဘာလ ၈ ရက်နေ့ မနက် ၈ နာရီ ၅၀ မိနစ်က ရောက်ရှိလာပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲအတွက် ဗဟန်းမြို့နယ် ရွှေတောင်ကြား ၂ ရပ်ကွက် အမက ၃ မဲရုံမှာ မဲပေးပြီးနောက် ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်သည် ကော့မှူးမြို့နယ်ကို သွားရောက်မှာ ဖြစ်ပါတယ်။