Monday, May 29, 2023
HomeLead Storyရှမ်းပြည်နယ် ဟိုပုံးတွင် ရွာသား ၁၀၀၀ ကျော် ဆန္ဒမဲပေးခွင့် ဆုံးရှုံး

ရှမ်းပြည်နယ် ဟိုပုံးတွင် ရွာသား ၁၀၀၀ ကျော် ဆန္ဒမဲပေးခွင့် ဆုံးရှုံး

ရှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် မိုင်းလန်းကျေးရွာအုပ်စုထဲမှာ ရွာသား ၁၀၀၀ ကျော် မဲစာရင်း ပါမလာတဲ့အတွက် မဲပေးပိုင်ခွင့်ဆုံးရှုံးတယ်လို့ ဟိုပုန်းမြို့နယ် ကျားခေါင်းပါတီ အမတ်လောင်း ဦးစိုင်းသီဟက ပြောပါတယ်။

အဲဒီကျေးရွာအုပ်စုထဲမှာ ရွာပေါင်း ၁၄ ရွာရှိပြီး မှတ်ပုံတင်၊ အိမ်ထောင်စုဇယားရှိပါလျက်နဲ့ မဲစာရင်းထဲမှာ အမည်ပါမလာတာကြောင့် လွန်ခဲ့တဲ့ ၁၀ ရက်ကတည်းက မြို့နယ်ရွေးကောက်ပွဲကော်မရှင်ကို တင်ပြခဲ့ပြီး ကော်မရှင်မှ လုပ်ပေးမယ်လို့ ကတိပေးခဲ့ပေမယ့် နိုဝင်ဘာ ၅ ရက်နေ့မှာ သွားကြည့်တော့ အချိန်မမီတော့ဘူးလို့သာ ပြန်လည်ဖြေကြားခဲ့တယ်လို့ ဆိုပါတယ်။

ဟိုပုန်းမြို့နယ် နမ့်ပါဆီးမုန်းရွာမှာတော့ နဂိုကမဲရုံဖွင့်မယ့် စာရင်းမှာ ပါလာပေမယ့် ဝေးလံခေါင်ဖျား အရပ်လို့ပြောပြီး မြို့နယ်ကော်မရှင်က မဲရုံပြန်ရုတ်သိမ်းခဲ့တယ်လို့ ဦးစိုင်းသီဟက ပြောပါတယ် ။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်ထဲမှာ ပါတီပေါင်း ၅ ခု ယှဉ်ပြိုင်ဖို့ရှိပေမယ့် မဲရုံစောင့်အကူမှာတော့ ပီအယ်လ်အိုပါတီကိုယ်စားလှယ်တခုတည်းသာ ရှိပြီး ကျန်ပါတီတွေက အမည်စာရင်းတင်ဖို့ နောက်ကျတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ စောင့်ခွင့်မရဘူးလို့ ဆိုပါတယ် ။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular