A d v e r t i s e m e n t With Us

အောက်ခြေမှာ စစ်အုပ်ချုပ်ရေးအတိုင်း ဆက်ဖြစ်နေဟု ဦးအေးလွင်ပြော

ဦးေအးလွင် (ဓာတ်ပံု-ေအအက်ဖ်ပီ)
အောက်ခြေအာဏာပိုင်တွေရဲ့ ဆောင်ရွက်ချက်တွေဟာ စစ်အုပ်ချုပ်ရေးပုံစံအတိုင်း ဖြစ်နေပြီး သမ္မတဦးသိန်းစိန်အစိုးရကလည်း အပြောင်းအလဲလုပ်ဖို့ ပျက်ကွက်နေတယ်လို့ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးလွင်က ပြောပါတယ်။ [caption id="attachment_12103" align="alignleft" width="310" caption="ဦးအေးလွင် (ဓာတ်ပုံ-အေအက်ဖ်ပီ)"][/caption] သူတို့ပါတီဝင်တွေ ဧရာဝတီတိုင်းမှာ ပါတီစာစောင်ဖြန့်ဝေရေးအတွက် သွားရောက်ရာ လမ်းတလျှောက်မှာ အောက်ခြေအာဏာပိုင်တွေက ဧည့်စာရင်းစစ်တာ၊ တားမြစ်နှောင့်ယှက်တာတွေရှိသလို ပါတီထုတ်စာစောင်တွေကို ဖြန့်ဝေရာမှာ အနှောင့်အယှက်မျိုးစုံ ကြုံတွေ့နေရတယ်လို့ ဦးအေးလွင်က ပြောပါတယ်။ ဒီမိုကရေစီအခွင့်အရေးတွေ၊ အများပြည်သူတဦးချင်းရဲ့ အခြေခံအခွင့်အရေးတွေအပေါ်မှာ အစိုးရသစ်က သိပ်ပြီးတော့ စိတ်ဝင်စားပုံမရှိဘဲ  အောက်ခြေမှာတော့  စစ်အုပ်ချုပ်ရေးပုံစံအတိုင်းပဲ ဆက်သွားနေတာ တွေ့ရတာကြောင့် အလွန်စိတ်ပျက်ဖို့ ကောင်းတယ်လို့ သူက ပြောပါတယ်။ ဒီလ သုံးရက်နေ့က ဧရာဝတီတိုင်း ညောင်တုန်းမြို့ စည်ပင်သာယာဈေးအပိုင် အုပ်ချုပ်ရေးမှူးက ဟန့်တားနှောင့်ယှက်ပြီး သူတို့အဖွဲ့ကို မလျော်ဩဇာသုံး တားမြစ်ခဲ့တယ်လို့ ဦးအေးလွင်က ပြောပါတယ်။ ဒီညောင်တုန်းမှာ မဖြစ်ခင်ကလည်း သူတို့အဖွဲ့ကို နယ်မြေခံအာဏာပိုင်တွေက နှောင့်ယှက်ခဲ့တာတွေရှိပြီး အလားတူဆက်မဖြစ်အောင်  သမ္မတသိအောင် တင်ပြဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up