ပရီးမီးယားလိဂ်ပွဲ မန်ယူ ၂ – ၀ ၀က်စ်ဘရွန်း (ရုပ်သံဟိုက်လိုက်)

ပရီးမီးယားလိဂ် ပွဲစဉ် ၁၂ အဖြစ် နိုဝင်ဘာ ၇ ရက်နေ့က မန်ချက်စတာယူနိုက်တက်နဲ့ ၀က်စ်ဘရွန်းတို့ ယှဉ်ပြိုင်ကြရာ မန်ချက်စတာယူနိုက်တက်က ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ အိမ်ကွင်းမှာ ယှဉ်ပြိုင်တဲ့ ဒီပွဲမှာ မန်ယူက ပွဲစကတည်းက ဘောလုံးပိုင်ဆိုင်မှု အသာစီးယူပြီး ၀က်စ်ဘရွန်းဘက်ကို ထိုးဖောက်တိုက်စစ်ဆင် ကစားခဲ့ပါတယ်။ ဒါပေမယ့် ပွဲချိန် ပထမပိုင်း ပြီးတဲ့အထိတော့ ဘယ်သူမှ ဂိုးမသွင်းနိုင်ဘဲ ဂိုးမရှိသရေရလဒ်သာ ထွက်ခဲ့ပါတယ်။ မန်ယူအတွက် အဖွင့်ဂိုးကို ၅၂ မိနစ်မှာ လူငယ်တိုက်စစ်မှူး လင်ဂတ်ဒ် (Jesse Lingard) က ၀က်စ်ဘရွန်း ဂိုးဧရိယာထဲကနေ လှလှပပ သွင်းယူပေးခဲ့ပါတယ်။ ဒီဂိုးဟာ မန်ယူအသင်းအတွက် သူသွင်းယူပေးတဲ့ ပထမဆုံးဂိုးလည်း ဖြစ်ပါတယ်။ ဒီပွဲအတွက် အနိုင်သေချာစေမယ့် ပွဲသိမ်းဂိုးကိုတော့ မိနစ် ၉၀ ပြည့်လို့ နာကျင်အချိန်ပိုမှာ မန်ယူအတွက် ခြေစွမ်းပြ ကစားနေတဲ့ မာရှယ် (Anthony Martial) ကြောင့်ရတဲ့ ပယ်နယ်တီကို မာတာ (Juan Mata) က သွင်းယူပေးခဲ့ပါတယ်။ ပွဲချိန် မိနစ် ၉၀ မှာ ၀က်စ်ဘရွန်းအသင်းက ဂရတ်သ် မက်အော်လေ (Gareth McAuley) တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံခဲ့ရပါတယ်။ ဒီပွဲနိုင်တဲ့ မန်ယူအသင်းဟာ ရမှတ် ၂၄ မှတ်နဲ့ လောလောဆယ် အမှတ်ပေးဇယား နံပါတ် ၄ နေရာမှာပဲ ဆက်လက်ရပ်တည်နေပြီး ၀က်စ်ဘရွန်းကတော့ ရမှတ် ၁၄ မှတ်နဲ့ အဆင့် ၁၃ မှာ ရပ်တည်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up