မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း ဟောင်ကောင်အသင်းကို ဂိုးပြတ်ရှုံးနိမ့်

3K
ဟောင်ကောင်မှာကျင်းပတဲ့ မြန်မာနဲ့ ဟောင်ကောင် လက်ရွေးစင်အသင်းတွေရဲ့ နိုင်ငံတကာ ဘောလုံးခြေစမ်းပွဲမှာ မြန်မာအသင်းက ဟောင်ကောင်ကို ၅ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်ရှုံးနိမ့်သွားပါတယ်။
နိုဝင်ဘာ ၇ ရက် ညနေက ယှဉ်ပြိုင်ကစားတဲ့ ဒီပွဲမှာ ပွဲစစချင်း ၂ မိနစ်မှာပဲ ဟောင်ကောင်က မြန်မာအသင်းဘက်ကို အဖွင့်ဂိုး သွင်းခဲ့ပြီး ပထမပိုင်းမှာတင် ၃ ဂိုး သွင်းယူခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ ဟောင်ကောင်က နောက်ထပ် ၂ ဂိုး ထပ်သွင်းပြီး ပွဲအပြီးမှာ ၅ ဂိုး ဂိုးမရှိနဲ့ မြန်မာအသင်း ရှုံးသွားတာပါ။
ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့မှာ နိုဝင်ဘာ ၆ ရက် ညနေက ယှဉ်ပြိုင်ကစားတဲ့ နိုင်ငံတကာဖိတ်ခေါ် အမျိုးသမီးဘောလုံးပြိုင်ပွဲမှာတော့ မြန်မာယူ-၂၁ အမျိုးသမီးအသင်းက ဟောင်ကောင်အမျိုးသမီးအသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။