Sunday, June 11, 2023
HomeLead Storyလေယာဉ်ပျက်ကျပြီးနောက် ရုရှားက အီဂျစ်ခရီးစဉ် အားလုံး ဖျက်သိမ်း

လေယာဉ်ပျက်ကျပြီးနောက် ရုရှားက အီဂျစ်ခရီးစဉ် အားလုံး ဖျက်သိမ်း

အီဂျစ်နိုင်ငံမှာ ရုရှားလေယာဉ် ပျက်ကျခဲ့ပြီးနောက် အီဂျစ်နိုင်ငံဆီ ပျံသန်းတဲ့ ခရီးစဉ်အားလုံးကို ဖျက်သိမ်းလိုက်တာကြောင့် အလည်အပတ်ခရီး ထွက်သူတွေဟာ ရုရှားနိုင်ငံ မော်စကိုလေဆိပ်ကို နိုဝင်ဘာ ၆ ရက်နေ့ နှောင်းပိုင်းမှာ ပြန်ရောက်သွားကြပါတယ်။

ရုရှားအစိုးရက လေကြောင်းခရီးစဉ်တွေကို ဖျက်သိမ်းလိုက်သလို အမေရိကန်ကလည်း လေကြောင်းလုံခြုံရေးဆိုင်ရာ စည်းကမ်းသစ်တွေကို ထုတ်ပြန်ထားပါတယ်။

အနောက်နိုင်ငံ အစိုးရတွေက လေယာဉ်ပျက်ကျမှုဟာ ဗုံးခွဲခံရတာကြောင့် ဖြစ်နိုင်တယ်လို့ မှန်းဆနေကြပါတယ်။

အီဂျစ်မှာ ခြေကုပ်ယူထားတဲ့ အစ္စလာမ္မစ်နိုင်ငံ အဖွဲ့ခွဲက သူတို့လက်ချက်လို့ ကြေညာထားပါတယ်။

အောက်တိုဘာ ၃၁ ရက်နေ့က လေယာဉ်ပျက်ကျမှုအတွင်း လေယာဉ်ပေါ်ပါတဲ့ ၂၂၄ ဦးစလုံး သေဆုံးခဲ့ပါတယ်။

ဒါဟာ ဆီရီးယားနိုင်ငံမှာ ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုကို လက်စားချေတာလို့ အကြမ်းဖက်အဖွဲ့က ဆိုပါတယ်။

စုံစမ်းမှုတွေ ဆက်လုပ်နေဆဲ ဖြစ်ပြီး တရားဝင်အဖြေတော့ ထွက်ပေါ်မလာသေးပါဘူး။

ဒါပေမယ့် အမေရိကန်သမ္မတ ဘာရတ် အိုဘားမားနဲ့ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းတို့က လေယာဉ်ဟာ ဗုံးခွဲခံရတာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

ရုရှားအစိုးရက အစောပိုင်းမှာ ဒီလို ကောက်ချက်မျိုးကို ငြင်းဆန်ပေမယ့် အခုတော့ အီဂျစ်ဆီသွားမယ့် လေကြောင်းခရီးစဉ် အားလုံးကို ဖျက်သိမ်းထားပါတယ်။

ဗြိတိန်နဲ့ အမေရိကန်ထောက်လှမ်းရေးတွေရဲ့ အရင်းအမြစ် အဆိုအရ ဗုံးဟာ ခရီးဆောင်အိတ်ထဲမှာ ပါသွားခဲ့ပြီး လေယာဉ်ပျံသန်းနေစဉ်မှာ ဖောက်ခွဲခဲ့တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular