A d v e r t i s e m e n t With Us

ပဲရစ်မာစတာတင်းနစ်ပြိုင်ပွဲ ဂျိုကိုဗစ် ဆီမီးတက်

ဓာတ်ပုံ - ရိုက်တာ
ပဲရစ်မာစတာ တင်းနစ်ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲမှာ နိုဗက် ဂျိုကိုဗစ်က တော့မတ် ဘာဒေ့ရှ်ကို ၇-၆၊ ၇-၆ နဲ့ နိုင်ပြီး ဆီမီးအဆင့်ကို တက်သွားပါပြီ။ ဒီနိုင်ပွဲဟာ ဂျိုကိုဗစ်အတွက် ပွဲပေါင်း ၂၀ ဆက်တိုက်အနိုင်ရတဲ့ပွဲလည်း ဖြစ်ပါတယ်။ သူတို့ ၂ ယောက် ဆုံခဲ့ဖူးတဲ့ သမိုင်းမှာ ဂျိုကိုဗစ်က ပွဲ ၂၀ နိုင်ပြီး ၂ ပွဲပဲ ရှုံးထားပါတယ်။ ဆုံခဲ့တဲ့ ပွဲတိုင်းမှာလိုပဲ နိုဝင်ဘာ ၆ ရက်နေ့ ပွဲကလည်း အကြိတ်အနယ် ရှိခဲ့ကြပါတယ်။ ဆီမီးဖိုင်နယ်မှာတော့ ဂျိုကိုဗစ်ဟာ ကမ္ဘာ့အဆင့် ၄ စတန်း ဝေါရင်ကာ မဟုတ်ရင် ဂရင်းစလန်း ချန်ပီယံ ၁၄ ကြိမ် ဖြစ်ထားတဲ့ အာဖာ နဒဲနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up