A d v e r t i s e m e n t With Us

သေဆုံးသူ ၂ ဦးကို ရိုးရာအကဖြင့် နယူးဇီလန်စစ်သားများ လိုက်ပို့ (ရုပ်သံ)

အာဖဂန်နိုင်ငံမှာ သေဆုံးသွားတဲ့ စစ်သား ၂ ဦး နယူးဇီလန်နိုင်ငံက စစ်သားတွေက မော်ရိယို ဌာနေတိုင်းရင်းသားတွေရဲ့ ဟာခါအကနဲ့ လိုက်ပို့ခဲ့ပါတယ်။ တကယ်တော့ ဒီရုပ်သံဖိုင်ကို ၂၀၁၂ ခုနှစ်မှာ အင်တာနက် စာမျက်နှာပေါ်ကို တင်ခဲ့တာဖြစ်ပြီး သေချင်းတရားအတွက် အတွေးဆိုတဲ့ အင်တာနက်ဝက်ဆိုဒ်က ပြန်လည် ဖော်ပြခဲ့တာလို့ နယူးယောက်ကာ သတင်းဌာနမှာ ဖော်ပြထားပါတယ်။ ဟာခါအကက တခြား ကမ္ဘာတခုကို ထွက်ခွာသွားတဲ့ တစုံတဦးကို လိုက်လံပို့ဆောင်ရာမှာ ကပြလေ့ရှိပါတယ်။ အလားတူ ဆရာမတဦးရဲ့ အသုဘကို လိုက်ပို့တဲ့ ကျောင်းသားတွေကလည်း ဒီအကနဲ့ ကပြတဲ့ ရုပ်သံဖိုင်ကိုလည်း အင်တာနက်မှာ ကြည့်ရှုနိုင်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up