လိင်ပြောင်းလဲထားသူများ မယ်ပြိုင်ပွဲတွင် ဖိလစ်ပိုင်မယ် သရဖူရရှိ (ရုပ်သံ)

5K
ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်နေ့က ကျင်းပတဲ့ Miss International Queen ပြိုင်ပွဲမှာ ဖိလစ်ပိုင်ကိုယ်စားပြုမယ်က သရဖူ ရရှိသွားပါတယ်။
ဒီပြိုင်ပွဲဟာ အမျိုးသားဘ၀ကနေ အမျိုးသမီးဘ၀ ဖြစ်အောင် ခွဲစိတ်ပြောင်းလဲ ထားသူတွေ အလှချင်းပြိုင်တဲ့ အကြီးကျယ်ဆုံး မယ်ပြိုင်ပွဲလည်း ဖြစ်ပါတယ်။
အသက် ၂၉ နှစ်အရွယ် ဖိလစ်ပိုင်သူ Trixie Maristela က သရဖူကို ဆွတ်ခူးသွားပြီး ဒုတိယနဲ့ တတိယဆုတွေကို ဘရာဇီးမယ်နဲ့ ထိုင်းမယ်တို့က ဆုရသွားပါတယ်။
ပြိုင်ပွဲမှာ ကမ္ဘာတ၀ှမ်းက အလှမယ် ၂၆ ယောက် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြပါတယ်။