ဂန်နားစတိုင်ရုပ်တု တောင်ကိုရီးယားတွင် တည်ဆောက်မည်

959
တောင်ကိုးရီးယားနိုင်ငံက နာမည်ကြီး ဂန်းနားစတိုင် သီချင်းအတွက် ရည်ရွယ်ပြီး ရုပ်တု တည်ဆောက်မှာ ဖြစ်ပါတယ်။
ဂန်းနားစတိုင် သီချင်းထဲက ကကွက်တခု မြင်းစီးတဲ့ ပုံသဏ္ဌာန်ကို သရုပ်ဖော်ထားတဲ့ လက်သီးဆုပ်ထားတဲ့ လက် ၂ ဖက် ထပ်လျက် ရုပ်တုကို ထုလုပ်ထားတာ ဖြစ်ပါတယ်။
ရုပ်တုကို ရုပ်သံ တစိတ်တပိုင်း ရိုက်ကူးခဲ့တဲ့ COEX ဈေးဝယ်စင်တာ အပြင်ဘက်မှာ ထားရှိသွားမှာ ဖြစ်ပါတယ်။
ရုပ်တုအောက်မှာ ခရီးသွားဧည့်သည်တွေ ဓာတ်ပုံ ရိုက်ယူနိုင်မှာ ဖြစ်သလို အဲဒီနေရာမှာ ရပ်နေရင် သီချင်းလည်း အလိုအလျောက်ကြားရမယ်လို့ ဂန်နား ခရီးသွားလုပ်ငန်း ညွှန်ကြားရေးမှူး ပတ်ခ်ဟီဆူးက ပြောပါတယ်။
၂၀၁၂ ခုနှစ်မှာ တောင်ကိုရီးယား အဆိုတော်ဆိုင်က ဂန်းနားစတိုင် သီချင်းကို ထုတ်လွှင့်ခဲ့ပါတယ်။ ဒီနောက်မှာတော့ ယူကျူမှာ ၂.၄ ဘီလီယံနဲ့ ကြည့်ရှုသူအများဆုံး ဖြစ်နေဆဲ ဖြစ်ပါတယ်။