Home
မြန်မာသတင်း
ရွေးကောက်ပွဲ လုံခြုံရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများကို မဲရုံပို့
DVB
·
November 7, 2015
12208572_1191111317582575_5944087322285159906_n
ရွေးကောက်ပွဲ လုံခြုံရေးအတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဌာနဆိုင်ရာဝန်ထမ်း ၂၆ ဦးကို ရခိုင်ပြည်နယ် အမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက ကျေးရွာတွေမှာရှိတဲ့ မဲရုံတွေကို ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။ အဲဒီလို ပို့ဆောင်ခံရတဲ့သူတွေထဲမှာ အမ်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ကော်မတီဝင်တွေ ဖြစ်ကြတဲ့ ဌာနဆိုင်ရာက အရာရှိတွေ ပါသလို အမ်းမြို့နယ် ဆေးရုံအုပ်လည်း ပါဝင်ပါတယ်။ အခုလို ပို့ဆောင်ခံရတာဟာ ရွေးကောက်ပွဲကော်မရှင်က အကူအညီတောင်းလို့ ပို့ဆောင်ရတာဖြစ်ပြီး သူ့အနေနဲ့ ရွေးကောက်ပွဲကိစ္စတွေနဲ့ ခပ်ကင်းကင်းနေတယ်လို့ အထွေထွေအုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ပို့ခံလိုက်ရတဲ့ ဝန်ထမ်းတွေကတော့ သူတို့အနေနဲ့ သွားရေးလာရေးခက်ခဲတဲ့ နေရာမှာတွေကို ပို့ခံလိုက်ရတဲ့အတွက် မကျေနပ်ကြသလို ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနဲ့ အထွေထွေအုပ်ချုပ်ရေးမှူးက နေရေးထိုင်ရေး စီစဉ်ပေးတာ မရှိသလို လမ်းစရိတ် ထုတ်ပေးတာတွေလည်း မရှိဘူးလို့ ပို့ခံရတဲ့ ဝန်ထမ်းတဦးပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024