စီအန်အန် အသံလွှင့်ဌာနကို ရီဘာရီ တရားစွဲ

ဓာတ်ပုံ - ရိုက်တာ
1.2K
အမေရိကန် ပြည်ထောင်စု အသံလွှင်ဌာန စီအန်အန်ကို ပြင်သစ်နဲ့ ဘိုင်ယန်ကစားသမား ရီဘာရီက တရားစွဲဆိုလိုက်ပါတယ်။
ခွင့်ပြုချက်မရှိဘဲ ရီဘာရီရဲ့ ဓာတ်ပုံကို ရောဂါကုထုံးတခု အစီအစဉ်မှာ အသုံးပြုတဲ့ အတွက် တရားစွဲဆိုလိုက်တာလို့ သူ့ရဲ့ ရှေ့နေ ကာလိုအယ်ဘတ်တိုဘူဆာက ပြောပါတယ်။
လူမှုရေးကွန်ရက် တွစ်တာမှာ ဆေးကုသမှုခံနေရင် သေဆုံးသွားတဲ့ အမျိုးသမီးတဦးနဲ့ ပတ်သက်တဲ့ အကြောင်း ဖော်ပြရမှာ ဒီဓာတ်ပုံကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။
ရီဘာရီက ဒီဌာနအတွက် ဓာတ်ပုံကို အသုံးပြုဖို့အတွက် တစုံတရာ သဘောတူညီချက်နဲ့ လုပ်ပိုင်ခွင့် ပေးမထားဘူးလို့ ရှေ့နေက ပြောပါတယ်။
ဒီအတွက် ပြင်သစ်တရားရုံးကို သွားပြီး အမေရိကန် ဒေါ်လာ ၁.၅ သန်းတောင်းခံဖို့ မိသားစုနဲ့ ရီဘာရီက ညွန်ကြားထားတယ်လို့ ဆိုပါတယ်။
မတ်လ ချန်ပီယံလိဂ် ပွဲစဉ် ရှက်တာဒိုးနပ်နဲ့ ကစားတဲ့ ပွဲစဉ်က ရရှိခဲ့တဲ့ ခြေကျင်းဝတ်ဒဏ်ရာကနေ ရီဘာရီက သက်သာလာပြီ ဖြစ်ပါတယ်။