A d v e r t i s e m e n t With Us

ဖီဖာဥက္ကဋ္ဌ ဘလတ္တာ ဖိအားများကြောင့် ကုသမှုခံယူ

ရာထူးကနေ ဆိုင်းငံ့ထားခြင်းခံရတဲ့ ကမ္ဘာဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ဥက္ကဋ္ဌ ဆပ်ဘလတ္တာက ဖိအားတွေနဲ့ ပတ်သက်တဲ့ ကျန်မာရေး စစ်ဆေးမှုကို ဆေးရုံမှာ စစ်ဆေးခဲ့တယ်လို့ ရှေ့နေက ပြောပါတယ်။ ကျန်းမာရေး စစ်ဆေးမှုခံယူအပြီး ကောင်းမွန်လာသလို မကြာခင် အိမ်ကို ပြန်နိုင်တော့မယ်လို့ သူ့ရဲ့ ရှေ့နေ ရစ်ချက်ကာလန်က ပြောပါတယ်။ အေးအေးဆေးဆေးနေဖို့နဲ့ ရက်အနည်းငယ် အနားယူဖို့ ဘလတ္တာကို ဆရာဝန်တွေက ညွှန်ကြားထားတယ်လို့ ပြောခွင့်ရက ပြောပါတယ်။ ဖီဖာကို ၁၈ နှစ်ကြာ ဦးဆောင်လာတဲ့ အသက် ၇၉ နှစ် ဘလတ္တာဟာ အဖွဲ့အတွင်းက အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံကြောင့် ရာထူးကနေ ရက် ၉၀ ဆိုင်းငံ့ခံထားရပါတယ်။ ဒါ့အပြင် ဥရောပ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ မစ်ရှယ် ပလာတီနီကိုလည်း ရက် ၉၀ တာဝန်က နားပေးပြီး ဆွစ်ဇာလန် တာဝန်ရှိသူတွေက စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ ဒီအထဲမှာ ပလာတီနီကို ဘလတ္တာက ပေါင် ၁.၃သန်း နီးပါး ပေးခဲ့တဲ့ ဖြစ်ရပ်အပေါ် စစ်ဆေး မေးမြန်းနေပါတယ်

A d v e r t i s e m e n t With Us

More News
Up