Home
ရင်ဖွင့်စာ/ပေးစာ
ခရမ်းမြို့နယ်က မတရားရုံး
DVB
·
July 4, 2011
ခရမ်းမြို့နယ် တရားသူကြီး ဦးပန်းစိန်ဟာ တရားစီရင်ရာမှာ ငွေကြေးတွေ ရယူပြီး မမှန်မကန် ပြုလုပ်နေလို့ ငွေကြေးတတ်နိုင်သူတွေအတွက် လွှတ်တော်ရုံးဖြစ်ပြီးတော့ ငွေကြေးမတတ်နိုင်သူတွေအတွက်တော့ မတရားရုံးဖြစ်နေတယ်လို့ ပြည်သူတွေက ခေါ်ဝေါ်နေကြပါတယ်။ ဦးပန်းစိန်ဟာ ငွေကြေးရရှိတဲ့ အမှုတွေဆိုရင် ပြစ်ဒဏ်ကို လျှော့ပေါ့ပြီးတော့ ငွေကြေး မရရှိတဲ့သူတွေဆိုရင် ကြီးလေးတဲ့ ပြစ်ဒဏ်တွေကို ချမှတ်ခဲ့ပါတယ်။ သာဓက ပြောရရင် ဇွဲကပင်ချောင်းအတွင်းမှာ ငါးဖမ်းသူ စိုမြင့်ကို ငွေကြေး မရရှိတဲ့အတွက် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ပါတယ်။ ပုဒ်မ ၃၇ ယာဉ်တိုက်မှုကို တရားခံဘက်မှ ငွေကြေးရရှိတဲ့အတွက် လွှတ်ပေးခဲ့ပါတယ်။ ပုဒ်မ ၃၇၆ မုဒိမ်းမှုကိုလည်း ငွေကြေးရရှိတဲ့အတွက် လွှတ်ပေးခဲ့ပါတယ်။ ဦးပန်းစိန်ဟာ ရှေ့နေမြင့်ဇော်နဲ့ ပေါင်းပြီး အမှုသည်တွေကို ငွေကြေးရယူပြီးတော့ အနိုင်ပေးပါတယ်ခင်ဗျ။ တရားခံဆီက ငွေကို ရှေ့နေ ဦးဝင်းထွန်းကတဆင့် လက်ခံပြီးတော့ တရားခံကို ပြစ်ဒဏ်ချမှတ်တဲ့အတွက် ဦးဝင်းထွန်းက အထက်ဌာနကို တိုင်မယ်ပြောတဲ့အခါမှ ဦးပန်းစိန်က ရုံးခန်းမှာ ခေါ်ယူဆွေးနွေးပြီးတော့ မတိုင်ဖို့ အဆင်ပြေအောင် ဆောင်ရွက်ပေးမယ် ပြောပြီး နောက်ပိုင်းမှာ ဦးဝင်းထွန်းလိုက်တဲ့ အမှုသည်တွေကို အနိုင်ပေးပါတယ်ခင်ဗျ။ တရားဥပဒေ စိုးမိုးရေးကို နိုင်ငံတော်က အဓိက ထားနေပေမယ့် တရားစီရင်ရာမှာ ငွေကြေးမျက်နှာတခုတည်းကြည့်တဲ့ အကျင့်ပျက်မြို့နယ် တရားသူကြီး ဦးပန်းစိန်ကို သက်ဆိုင်ရာက ထိရောက်စွာ အရေးယူပေးဖို့ ဒီဗွီဘီကတဆင့် တင်ပြလိုက်ရပါတယ်။ ခရမ်းပြည်သူတဦး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024