A d v e r t i s e m e n t With Us

ဖေ့စ်ဘွတ်ခ် ကြော်ငြာများမှတဆင့် ၃ လအတွင်း ကန်ဒေါ်လာ ၈၉၁ သန်း ရရှိ

ဓာတ်ပုံ - ရိုက်တာ
အခုနှစ်ဘဏ္ဍာရေးတတိယပတ်အတွင်း ဖေ့စ်ဘွတ်ခ်(Facebook) လူမှုကွန်ရက်ဟာ ကြော်ငြာတွေကနေ အမြတ်အစွန်း အတော်ရရှိခဲ့တယ်လို့ ဖေ့စ်ဘွတ်ခ်က ထုတ်ပြန်ပါတယ်။ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ ၃ လပတ်မှာ အသားတင်ဝင်ငွေ ၁၁ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၈၉၁ သန်းရရှိတယ်လို့ ဆိုပါတယ်။ အရင်နှစ် ဒီ ၃ လပတ်မှာတော့ ၈၀၆ သန်းရရှိခဲ့ပြီး ဈေးကွက်သစ်တွေ ချဲ့ထွင်နိုင်ခဲ့လို့ အခုလို အမြတ်အစွန်းမြင့်တက်ခဲ့တာလို့ပြောဆိုပါတယ်။ Facebook စီအီးအို ကတော့ ကုမ္ဗဏီဟာ ဆန်းသစ်တီထွင်မှုနဲ့ ရေရှည်ရင်းနှီးမြှုပ်နှံမှုအပေါ်မှာ အဓိကထားခဲ့တယ်လို့ ပြောဆိုပါတယ်။ ဖေ့စ်ဘွတ်ခ် ဟာ ကမ္ဘာ့အကြီးဆုံး လူမှုကွန်ရက်ကြီးဖြစ်ပြီး ဒီတတိယ ၃ လပတ်အတွင်း တလကို သုံးစွဲသူ သန်း ၆၀ တိုးတက်ခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာ ကမ္ဘာလုံး Facebook သုံးစွဲသူ ၁.၅၅ ဘီလီယံရှိပါတယ်။ Facebook မှာ သုံးစွဲသူ လစဉ်တိုးပွားမှုဟာ ကြော်ငြာရှင်တွေအတွက်လည်း ဖေ့စ်ဘွတ်ခ်မှာ ပရိသတ်တိုးပွားတာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တတိယပတ်အတွင်း ကြော်ငြာတွေက အဓိက၀င်ငွေရရှိခဲ့တယ်လို့ ဆိုပါတယ်။ ကြော်ငြာက ရရှိတဲ့ဝင်ငွေ ၄၅ ရာခိုင်နှုန်းတက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၄.၃ ဘီလီယံ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာတော့ မိုဘိုင်းဖုန်းတွေကနေ ဖေ့စ်ဘွတ်ခ် သုံးစွဲသူဦးရေ သိသိသာသာ တိုးတက်နေတယ်လို့လည်း ဆိုပါတယ်။ စက်တင်ဘာလက မိုဘိုင်းဖုန်းနဲ့ သုံးစွဲသူ ၂၇ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ၈၉၄ သန်းရှိခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up