A d v e r t i s e m e n t With Us

ပျက်ကျ ရုရှားလေယာဉ် သိုလှောင်ခန်းတွင် ဗုံးပါသွားဟုဆို

ပြီးခဲ့တဲ့တပတ်က အီဂျစ်နိုင်ငံမှာ ပျက်ကျသွားတဲ့ ရုရှားလေယာဉ်ဟာ လေယာဉ်ခရီးဆောင်သေတ္တာသိုလှောင်ခန်းထဲမှာ ဗုံးပါသွားတယ်လို့ ဗြိတိန်စုံစမ်းရေးအရာရှိတွေက ယုံကြည်နေကြကြောင်း ဘီဘီစီသတင်းမှာ ဖော်ပြပါတယ်။ အီဂျစ်နိုင်ငံ၊ ဆိုင်းနိုင်းဒေသအခြေစိုက် စစ်သွေးကြွတွေရဲ့ ဆက်သွယ်မှုတွေကို ကြားဖြတ်ထောက်လှမ်းမှုတွေအရ အကြမ်းဖက်မှုကြောင့် လေယာဉ်ပျက်ကျသွားတာလို့ ဗြိတိန်အစိုးရကတော့ အတည်ပြုပြောဆိုထားပါတယ်။ နိုဝင်ဘာ ၄ ရက်နေ့က ဗြိတိန်နိုင်ငံနဲ့ ရှမ်မာရှိတ်လေဆိပ် လေယာဉ်ခရီးစဉ်တွေအားလုံးကို ဗြိတိန်နိုင်ငံက ဖျက်သိမ်းလိုက်ပြီး နိုဝင်ဘာ ၅ ရက်နေ့မှာလည်း ပြင်သစ်၊ ဘယ်လ်ဂျီယမ်နဲ့ နယ်သာလန်နိုင်ငံတွေကတော့ သူတို့ရဲ့နိုင်ငံသားတွေ ရှမ်မာရှိက်မြို့ကို ခရီးမသွားကြဖို့ သတိပေးထားပါတယ်။ ဂျာမနီလေကြောင်းလိုင်းတွေအပါအ၀င် ဥရောပလေကြောင်းလိုင်းတွေလည်း ရှမ်မာရှိက်မြို့ လေယာဉ်ခရီးစဉ်တွေကို ဖျက်သိမ်းလိုက်ပါတယ်။ အဲ့ဒီမှာရောက်ရှိနေတဲ့ ဗြိတိန်နိုင်ငံသားတွေကတော့ နိုဝင်ဘာ ၆ ရက်နေ့ ပြန်လာကြဖို့ ရှိပါတယ်။ လေယာဉ်ဟာ အီဂျစ်နိုင်ငံ၊ ရှမ်မာရှိက်မြို့ကနေ ရုရှားနိုင်ငံ၊ စိန့်ပီတာဘတ်မြို့ကို ပျံသန်းရင်းပျက်ကျခဲ့တာကြောင့် ခရီးသည် ၂၂၄ ဦး သေဆုံးခဲ့ပါတယ်။ လေယာဉ် ခရီးဆောင်သေတ္တာသိုလှောင်ခန်းကို သွားရောက်ခွင့်ရသူတဦးဦးက လေယာဉ်မတက်ခင်ကပ်ပြီး ဖောက်ခွဲရေးပစ္စည်းတခု ထည့်ပေးလိုက်တာလို့ ဗြိတိန်စုံစမ်းရေးအရာရှိတွေက သံသယဖြစ်နေကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up