A d v e r t i s e m e n t With Us

ကမ္ဘာအကြီးဆုံး လေယာဉ်ဘေးတွင် သည်းထိတ်ရင်ဖို ပျံသန်းပြသူ ၂ ဦး (ရုပ်သံ)

အာရပ်စော်ဘွားများပြည်ထောင်စု ဒူဘိုင်းမြို့ပေါ် ပေ ၄၀၀၀ ကျော်မှာ ကမာ့္ဘအကြီးဆုံး ခရီး သည်တင် လေယာဉ်နဲ့ အတူ လူ ၂ ဦးက ဂျက်ကျောပိုးအိတ်ကို လွယ်ပြီး ပျံသန်းပြတဲ့ ဗွီဒီယိုကို အဲမရိတ်လေကြောင်းလိုင်းက ဖြန့်ချိလိုက်ပါတယ်။ ဂျက်အင်ဂျင်တပ် ကျောပိုးအိတ်တွေနဲ့အတူ အတောင်ပါတဲ့ ၀တ်စုံတွေ ၀တ်ဆင်ထားတဲ့ ဒူဘိုင်း လေယာဉ်မှူး ရိုဆီနဲ့ ဗင့်ရဲဖတ်တို့က ရဟတ်ယာဉ်ပေါ်ကနေ ခုန်ချပြီး အဲမရိတ် လေယာဉ်မှူး အာဗတ်စ်ရှာဗန် မောင်းနှင်လာတဲ့ ကမ္ဘာ့အကြီးဆုံး ခရီးသည်တင်လေယာဉ်ဘေးကနေ လိုက်လံ ပျံသန်းခဲ့ကြပါတယ်။ သိမ်းငှက်ဘေးက ခြင်တွေနဲ့ အလားသဏ္ဌာန်တူတယ်လို့ ဂျက်ကျောပိုးအိတ်ကို လွယ်ပြီး လေယာဉ်နောက်ကို ပျံသန်းခဲ့တဲ့ ရိုဆီက ပြောပါတယ်။ ဒီလို အတွေ့အကြုံမျိုး မရှိသလို တတ်နိုင်သလောက် လေ့ကျင့်ထားတယ်လို့လည်း ဗင့်ရဲဖတ်က ပြောပါတယ်။ ဒီလို လေယာဉ်နောက်ကို လိုက်လံမောင်းနှင်နိုင်ဖို့အတွက်က အန္တရာယ်ကြီးသလို စွန့်စားမှုအတွက် အချိန်အကြာကြီး လေ့ကျင်ယူရတယ်လို့ ဆိုပါတယ်။ ဒီလိုလုပ်ဆောင်ရာမှာ လုံခြုံရေးက ပထမဦးစားပေးဖြစ်တယ်လို့လည်း ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up