A d v e r t i s e m e n t With Us

နာမည်လေးပဲ ပြောင်းတာကို မလိုချင်ဘူး – ထွန်းအိန္ဒြာဗိုလ် (ရုပ်သံ)

နာမည်ကြီး အနုပညာရှင် ထွန်းအိန္ဒြာဗိုလ်က လက်ရှိအစိုးရဟာ ဒီမိုကရေစီနိုင်ငံအဖြစ် အမည်ပြောင်းထားပေမယ့် လုပ်ရပ်တွေက မပြောင်းလဲသေးကြောင်း ပြောကြားလိုက်ပါတယ်။ ဧရာဝတီတိုင်း ငပုတောမြို့နယ်မှာ နိုဝင်ဘာ ၅ ရက်နေ့က ပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး မဲဆွယ်စည်းရုံး ဖျော်ဖြေပွဲမှာ အခုလို ပြောကြားလိုက်တာပါ။ 12196212_554603784695758_8300454060565565470_n“ဒီမိုကရေစီနိုင်ငံအဖြစ် နာမည်တော့ ပြောင်းထားပြီ။ လုပ်ရပ်တွေက ပြောင်းသေးရဲ့လား၊ ကျမတို့ ပြည်သူတွေအားလုံးက ပြောင်းလဲချင်တာလေ။ နာမည်လေးပဲ ပြောင်းတာကို မလိုချင်ဘူး။ ကျမတို့ အောင်နိုင်ရေးခရီးစဉ် နိုင်ငံအနှံ့မှာ ပြည်သူတွေအားလုံး တက်ရောက်ကြတယ်ဆိုတာ ပြောင်းလဲချင်လို့ တက်ရောက်တာ။ အဲတော့ ပြည်သူအများစုရဲ့ ဆန္ဒဟာ ပြောင်းလဲချင်တဲ့ ဆန္ဒဖြစ်တယ်။ ဒါ့အပြင် အစိုးရရတရပ်အနေနဲ့ ဒီမိုကရေစီနိုင်ငံမှန်တယ်ဆိုရင် ပြည်သူရဲ့ ဆန္ဒကို လေးစားအကောင်အထည် ဖော်ပေးရမယ်လို့ ဆိုပါတယ်။ 12075066_554603848029085_3532435002165430448_n“ဒီမိုကရေစီနိုင်ငံမှန်တယ်ဆိုရင် ပြည်သူရဲ့ ဆန္ဒကို လေးစားအကောင်အထည်ဖော်ပေးရပါတယ် အစိုးရတရပ်အနေနဲ့။ အဲတော့ ကျမတို့အစိုးရက ပြောသွားတာက ပြောင်းလဲပြီးသွားပြီတဲ့၊ ထပ်ပြီး ပြောင်းဖို့ မလိုတော့ဘူး။ ထပ်ပြောင်းတယ်ဆိုရင် ကွန်မြူနစ်စနစ်ကို ရောက်သွားတယ်ဆိုတော့ ပြည်သူတွေပြောင်းချင်တယ်ဆိုတဲ့ ဆန္ဒကို မျက်ကွယ်ပြုလိုက်တာပေါ့။ အဲတော့ ပြည်သူကို စိမ်းကားတဲ့ အစိုးရကို ပြည်သူကလည်း သူကြင်မှကိုယ်ကြင် ချင်းစိမ်းနဲ့ မိတ်သလင်ပဲပေါ့။ အဲတော့ ကျမတို့က တကယ်အပြောင်းအလဲကို ဖော်ဆောင်ပေးနိုင်မယ့် အစိုးရတရပ်ကို ကျမတို့ ရွေးချယ်ဖို့ လိုအပ်တယ်။” အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ငပုတောမြို့နယ် မဲဆွယ်စည်းရုံးပွဲကို နာမည်ကြီး အနုပညာရှင်တွေဖြစ်တဲ့ ထွန်းအိန္ဒြာဗိုလ်၊ R ဇာနည်၊ ၀ိုင်းစုခိုင်သိန်း၊ ချစ်သုဝေ၊ အံ့မော်ဦး၊ သော်မိုထက်၊ ခိုင်ပွင့်နှင့် ဂျူးဂျူးစံ တို့ ဖျော်ဖြေခဲ့ကြပါတယ်။ ရုပ်သံ - ထွန်းအိန္ဒြာဗိုလ်

A d v e r t i s e m e n t With Us

More News
Up