မော်ရင်ဟို အယူခံ ရှုံးနိမ့်

928
အင်္ဂလန် ပရီးမီးယားလိဂ်ချဲလ်ဆီးအသင်းနည်းပြ မော်ရင်ဟိုကို ဒဏ်ငွေ ပေါင် ၅ သောင်းနဲ့ တပွဲကြီးကြပ်ခွင့် ပိတ်ပင်ဖို့ ချမှတ်ထားတဲ့ ပြစ်ဒဏ် အယူခံကို အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်က ပယ်ချလိုက်ပါတယ်။
ဆောက်သင်တန်နဲ့ ကစားတဲ့ပွဲမှာ ချဲလ်ဆီးအသင်းကို ပင်နယ်တီပေးဖို့ ပွဲကြီးကြပ်သူတွေက ကြောက်ရွံတယ်ဆိုတဲ့ စကားနဲ့ပတ်သက်ပြီး ပြစ်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
တပွဲကြီးကြပ်ခွင့် ပြစ်ဒဏ်ကတော့ စနေနေ့ စတုတ်စီးတီးနဲ့ ကစားမယ့် ပွဲစဉ်မှာ စတင် အသက်ဝင်မှာလည်း ဖြစ်ပါတယ်။
ဒါအပြင် ၀က်စ်ဟမ်းနဲ့ ပွဲစဉ်မှာ ဒုတိယပိုင်းမှာ ဒိုင်လူကြီးကို စကားပြောဖို့ ကြိုးစားတဲ့ အတွက် ပေါင် ၄ သောင်းနဲ့ တပွဲပယ်ပြစ်ဒဏ် ထပ်မံကျခံရဖွယ်ရှိနေပါတယ်။
ဒီစွဲချက် ၂ ခုဟာ သီးခြားစီဖြစ်သလို ဒုတိယ စွဲချက်နဲ့ ပတ်သက်ပြီးတော့လည်း ဒဏ်ငွေ ထပ်ဆောင်ကာ ပြစ်ဒဏ် ထပ်ခံရဖွယ်ရှိနေတယ်လို့ ဆိုပါတယ်။