Wednesday, June 7, 2023
HomeLead Storyဘင်္ဂလားဒေ့ရှ်တွင် ခေါင်းတလားများဖြင့် ဆန္ဒပြ (ရုပ်သံ)

ဘင်္ဂလားဒေ့ရှ်တွင် ခေါင်းတလားများဖြင့် ဆန္ဒပြ (ရုပ်သံ)


ခေါင်းတလားတွေကို သယ်ဆောင်ထားတဲ့ ဆန္ဒပြသူတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ မြို့တော် ဒါကာမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်နေ့က ချီတက် ဆန္ဒပြနေတာပါ။

အင်တာနက်စာမျက်နှာ ဘလော့ပေါ်မှာ စာရေးသူ ဘလော့ဂါတွေ နိုင်ငံတွင်း အသတ်ခံရမှုကို ဆန့်ကျင် ဆန္ဒပြတာ ဖြစ်ပါတယ်။

ဆန္ဒပြပွဲကို ပြည်သူ့နိုးကြားရေး စင်္ကြန် အုပ်စုလို့ သိကြတဲ့ Ganojagoron Mancha အုပ်စုက ဆော်သြခဲ့တာပါ။

လွတ်လပ်စွာ တွေးခေါ်ခွင့်ကို ကာကွယ်ရေး တောင်းဆိုဖို့ ဘင်္ဂလားဒေ့ရှ် တနိုင်ငံလုံးမှာ ၆ နာရီကြာ ဆန္ဒပြပွဲတွေကို ဒီသတင်းပတ်အတွင်း စီစဉ်ခဲ့ကြပါတယ်။

နိုဝင်ဘာ ၅ ရက်နေ့ ဆန္ဒပြပွဲမှာတော့ ခေါင်းတလားတွေကို နိုင်ငံတော်အလံတွေ ဖုံးအုပ်ရင်း ပြည်ထဲရေးဝန်ကြီးဌာနဆီ ချီတက်ခဲ့ကြတာပါ။

လတ်တလောနှစ်တွေအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက စစ်သွေးကြွတွေဟာ လောကီ သီးသန့်ဝါဒီ စာရေးသူတွေကို ပစ်မှတ်ထားခဲ့ကြပါတယ်။

အစ္စလာမ္မစ်အုပ်စုတွေဟာ လူဦးရေ သန်း ၁၆၀ ရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အစ္စလာမ်ဘာသာရဲ့ တင်းကြပ်တဲ့ ရှရီးယားဥပဒေနဲ့ အုပ်ချုပ်စေချင်ကြတာပါ။

အစ္စလာမ်စစ်သွေးကြွတွေကို ဝေဖန်ချက် ရေးခဲ့လို့ ဒီနှစ်ထဲမှာ လောကီသီးသန့်ဝါဒီ ဘလော့ဂါ ၄ ယောက် အသေခုတ်သတ် ခံခဲ့ရပါတယ်။

ဘလော့ဂါ နီလွိုင် ချတ်တာဂျီး အသတ်ခံရအပြီး ပြီးခဲ့တဲ့ သြဂုတ်လက ဗြိတိန်နိုင်ငံသား တယောက် အပါအဝင် အယ်လ်ကေဒါတွေကို လေးစားတဲ့ အုပ်စုဖြစ်တဲ့ အန်စာရူလာ ဘန်းဂ်လာ အဖွဲ့က အဖွဲ့ဝင် ၁၅ ယောက်ကို အာဏာပိုင်တွေက ဖမ်းခဲ့ပါတယ်။

မြို့တော် ဒါကာက  ရှီးယားဗလီ ဗုံးခွဲ ခံရတာနဲ့ နိုင်ငံခြားသား ၂ ယောက် အသေပစ်ခတ် ခံရတာတွေ အပါအဝင် တိုက်ခိုက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း တုန်လှုပ်ခဲ့ကြ ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular