A d v e r t i s e m e n t With Us

အိုလံပစ်ကွင်းသစ်ကို ၀က်စ်ဟမ်းပြောင်းမည်

အင်္ဂလန် ပရီးမီးယားလိဂ်က ၀က်စ်ဟမ်း ယူနိုက်တက် အသင်းဟာ အပ်တန်ပတ်ခ်ကွင်းကို စွန့်ခွာပြီး အိုလံပစ်ကွင်းကို လာမယ့် ဘောလုံးရာသီမှာ ပြောင်းရွှေ့ဖို့ စီစဉ်နေပါတယ်။ ပေါင် သန်း ၇၀၀ တန် ကွင်းသစ်ကိုပြောင်းရွှေ့လိုက်ရင် စီးပွားရေး အခွင့်အလမ်းတွေကြောင့် အသင်းဝင်ငွေတိုးလာပြီး ပြိုင်ဘက်တွေအကြားက ငွေကြေး ကွာဟချက်ကို လျော့ချနိုင်မယ်လို့ ဆိုပါတယ်။ အိုလံပစ်ကွင်းဟာ ဘောလုံးဘောကမှာ အခမ်းနားဆုံး ကွင်းတခု ဖြစ်လာမယ်လို့လည်း အသင်းရဲ့ ဒုဥက္ကဋ္ဌ ကာရင်ဘာဒီက ပြောပါတယ်။ ၀က်စ်ဟမ်းအသင်းဟာ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား နံပါတ် ၆ နေရာမှာ ရပ်တည်နေသလို ကလပ်အသင်းအနာဂတ်အတွက် ဒီနေရာကို ဆက်လက်ထိန်းသိမ်းထားဖို့ ကလည်း အရေးကြီးတယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up