အထပ်မြင့်တိုက်ပေါ်မှခုန်ချပြီး သေကြောင်းကြံသူကို ကယ်တင် (ရုပ်သံ)

3.1K
တရုတ်နိုင်ငံ၊ ဂျီယန်ဆုခရိုင်၊ ဆူကျိုးမြို့မှာ နိုဝင်ဘာ ၃ ရက်နေ့က အထပ်မြင့် အဆောက်အဦတခုပေါ်မှ ခုန်ချ သေကြောင်းကြံသူကို ရဲက ကယ်တင်နိုင်ခဲ့ပါတယ်။
အသက် ၂၅ နှစ်အရွယ် အဲဒီအမျိုးသားဟာ အလုပ်ရှင်နဲ့ အချင်းများခဲ့ပြီး မီတာ ၆၀ နီးပါး အမြင့်ရှိတဲ့ ခေါင်မိုးထပ်ငြမ်းပေါ်က ခုန်ချပြီး သေကြောင်းကြံဖို့ ကြိုးစားခဲ့တာလို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။
ကံကောင်းထောက်မစွာပဲ ရဲတဦးက ငြမ်းပေါ်ရပ်နေတဲ့ အဲဒီအမျိုးသားရှိရာကို ရောက်လာပြီး သူ့ကို ဖမ်းဆုပ်ကယ်တင်လိုက်နိုင်ခဲ့တာ ကင်မရာမှတ်တမ်းမှာ ရုပ်ရှင်ဆန်ဆန် တွေ့ရပါတယ်။
ရုပ်သံ - စီစီတီဗွီ