ကျောက်ဖြူမြို့တွင် တရက်ထဲ လူ ၁၃ ဦး ခွေးရူးအကိုက်ခံရ
DVB
·
November 6, 2015
ကျောက်ဖြူမြို့မှာ နိုဝင်ဘာလ ၄ ရက်နေ့ ၁ ရက်အတွင်း လူပေါင်း ၁၃ ဦး ခွေးရူးကိုက်ခံရပြီး ဆေးရုံတင်ထားရပါတယ်။
နိုဝင်ဘာလ ၄ ရက် နေ့လည် ၁၂ နာရီကနေ ညနေ ၇ နာရီအတွင်း ယောက်ျား ၈ ဦးနဲ့ မိန်းကလေး ၅ ဦးအပါအ၀င် လူပေါင်း ၁၃ ဦး ခွေးရူးကိုက်ခံရပြီး ဆေးကုသခံနေရတယ်လို့ ကျောက်ဖြူမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးသန်းလွင်က ပြောပါတယ်။
“ခွေးရူးကိုက်ခံရတဲ့ ၁၃ ယောက်မှာ ၁၁ ယောက် ဆေးရုံတက်ပြီးကုသတယ်။ ကျန်တဲ့ ၂ ယောက်ကတော့ အပြင်ဆေခန်းမှာပဲ ကုသခဲ့တယ်။ ကာကွယ်ဆေးတော့ ထိုးထားပြီးပြီ။ ကုသဆေးကတော့ ၁၆ လုံး လိုတယ်။ ကျောက်ဖြူဆေးရုံမှာ ၈ လုံးပဲ ရှိတယ်။ နောက်ထပ်လိုတဲ့ ၈ လုံးကို ရန်ကုန်က မှာထားတယ်။ ၅ ရက်နေ့ မနက် ၁၀ နာရီမှာ ရောက်ပါတယ်။”
ပြီးခဲ့တဲ့ သြဂုတ်လတုန်းကလည်း ၁ ရက်ထဲမှာ လူ ၁၁ ဦး ခွေးရူးကိုက်ခံခဲ့ရပါသေးတယ်။