ကျောက်ဖြူမြို့တွင် တရက်ထဲ လူ ၁၃ ဦး ခွေးရူးအကိုက်ခံရ

ကျောက်ဖြူမြို့မှာ နိုဝင်ဘာလ ၄ ရက်နေ့ ၁ ရက်အတွင်း လူပေါင်း ၁၃ ဦး ခွေးရူးကိုက်ခံရပြီး ဆေးရုံတင်ထားရပါတယ်။ နိုဝင်ဘာလ ၄ ရက် နေ့လည် ၁၂ နာရီကနေ ညနေ ၇ နာရီအတွင်း ယောက်ျား ၈ ဦးနဲ့ မိန်းကလေး ၅ ဦးအပါအ၀င် လူပေါင်း ၁၃ ဦး ခွေးရူးကိုက်ခံရပြီး ဆေးကုသခံနေရတယ်လို့ ကျောက်ဖြူမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးသန်းလွင်က ပြောပါတယ်။ “ခွေးရူးကိုက်ခံရတဲ့ ၁၃ ယောက်မှာ ၁၁ ယောက် ဆေးရုံတက်ပြီးကုသတယ်။ ကျန်တဲ့ ၂ ယောက်ကတော့ အပြင်ဆေခန်းမှာပဲ ကုသခဲ့တယ်။ ကာကွယ်ဆေးတော့ ထိုးထားပြီးပြီ။ ကုသဆေးကတော့ ၁၆ လုံး လိုတယ်။ ကျောက်ဖြူဆေးရုံမှာ ၈ လုံးပဲ ရှိတယ်။ နောက်ထပ်လိုတဲ့ ၈ လုံးကို ရန်ကုန်က မှာထားတယ်။ ၅ ရက်နေ့ မနက် ၁၀ နာရီမှာ ရောက်ပါတယ်။” ပြီးခဲ့တဲ့ သြဂုတ်လတုန်းကလည်း ၁ ရက်ထဲမှာ လူ ၁၁ ဦး ခွေးရူးကိုက်ခံခဲ့ရပါသေးတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up