A d v e r t i s e m e n t With Us

ကိုရီးယားဘဏ်ချေးငွေ ဒေါ်လာ ၅၅ သန်းဖြင့် မြန်မာ့ဆက်သွယ်ရေးကွန်ရက် အဆင့်မြှင့်မည်

ကိုရီးယား ပို့ကုန်သွင်းကုန်ဘဏ်(Korea Eximbank)ကနေ ချေးငွေ ကန်ဒေါ်လာ ၅၅ သန်းနဲ့ မြန်မာ့ဆက်သွယ်ရေး ကွန်ရက်များ အဆင့်မြှင့်မယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ကိုရီးယား ပို့ကုန်သွင်းကုန် ဘဏ်ထံမှ ရရှိတဲ့ ချေးငွေ အမေရိကန်ဒေါ်လာ ၅၅ သန်း ကျော်သုံးစွဲပြီး မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းအတွက် အင်တာနက် ဖိုင်ဘာကေဘယ် ဆက်ကြောင်းတွေ၊ ဆက်သွယ်ရေး အခြေခံ အဆောက်အအုံ တိုးချဲ့ဖို့နဲ့ ဆက်သွယ်ရေး ကွန်ရက်တွေကို အဆင့်မြှင့်တင်မယ်လို့ သိရှိရပါတယ်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ လုပ်ဆောင်မယ့် ဆက်သွယ်ရေးကွန်ရက် အဆင့်မြှင့်တင်ရေး စီမံကိန်းမှာ လက်ရှိအချိန်တွင် ဖိုင်ဘာကေဘယ် ကွန်ရက်တွေ တည်ဆောက်ရန်အတွက် တင်ဒါတွေခေါ်ယူနေပြီး ခွင့်ပြုချက် ရရှိတဲ့ ကုမ္ပဏီတွေ အနေနဲ့ စီမံကိန်းကို ၁၈ လအတွင်း အကောင်အထည်ဖော် ဆောင်ရမှာဖြစ်ပြီး တင်ဒါနောက်ဆုံးရက် မှာ နိုဝင်ဘာ ၁၆ ရက်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)က ကြေညာထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up