DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲတွင် မဲပေးခွင့်မရမည်ကို မဲစာရင်းမပါသူများ စိုးရိမ်
DVB
·
November 5, 2015
ရွေးကောက်ပွဲတွင် မဲပေးခွင့်မရမည်ကို မဲစာရင်းမပါသူများ စိုးရိမ်
1 / 7
Donate to DVB

လာမယ့် နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲ အတွက် နောက်ဆုံးအကြိမ်ထုတ်ပြန်တဲ့ မဲပေးပိုင်ခွင့် ရှိသူစာရင်းမှာ မပါတဲ့သူတွေက  မဲပေးခွင့်မရမှာကို စိုးရိမ်နေကြပါတယ်။

တနိုင်လုံးအတိုင်းအတာနဲ့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူစာရင်းကို နောက်ဆုံးအကြိမ် နိုဝင်ဘာလ ၂ ရက်နေ့ကနေ ၅ ရက်နေ့အထိ ထုတ်ပြန်ရာမှာ စာရင်းမပါတဲ့သူတွေလည်း ရှိနေပြီး မဲပေးခွင့်ဆုံးရှုံးမှာကို စိုးရိမ်နေကြတာပါ။

မြင်းခြံမြို့နေ မဇာလီမွှေးက “ကျမတို့မှာ မဲပေးပိုင်ခွင့်ရှိသူ ၃ ဦးရှိတယ်။ အဲ့တော့ ကျေးရွာဥက္ကဋ္ဌ ကော်မရှင်ရုံးကို သွားတင်လိုက်ပါတယ်။ ကော်မရှင်လူကြီးတွေက ကျမတို့ရဲ့ အိမ်ထောင်စုစာရင်းကို လွှင့်ပစ်လိုက်ပါတယ်။ ထောက်ခံတောင်းတာကို ထောက်ခံမပေးနိုင်ဘူး ပြောပါတယ်။ မပါလည်း မပေးနဲ့ ဘမှမဖြစ်ဘူးပြောပါတယ်။  မဲပေးချင်းတယ် ပေးခွင့်မရှိလို့ အခုတော့ မဲပေးဖို့ ဆုံးရှုံးတာပေါ့” လို့ ပြောပါတယ်။

မြင်းခြံမြို့နေ ကိုမင်းထွန်းက “အခုရွာမှာ မဲစာရင်းမပါတဲ့ သူတော်တော်များများရှိတယ်။  မြို့နယ်ကို သွားတယ်၊ မြို့နယ်က ရပ်ကျေးသွားပါတဲ့၊ ရပ်ကျေးကိုသွားတော့ မြို့နယ်ကော်မရှင်က လုံးဝထောက်ခံမပေးလို့ ပါလို့ပြောတယ်။ အခုဆိုရင် ကျနော်တို့ ရွာမှာ မဲပေးပိုင်ခွင့် လူ ၅၀ လောက် ဆုံးရှုံးနေတယ်” လို့ ပြောပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲအတွက် နောက်ဆုံးအကြိမ် မဲစာရင်းထုတ်ပြန်တာနဲ့အတူ မဲပေးပိုင်ခွင့် သက်သေခံလက်မှတ်တွေကိုလည်း နိုဝင်ဘာ ၁ ရက်နေ့ကနေ ၆ ရက်နေ့အတွင်း ထုတ်ပေးနေတာပါ။

မဲစာရင်းမှာ ပါဝင်တဲ့ မဲဆန္ဒရှင်ပြည်သူအနေနဲ့ သက်သေခံလက်မှတ် မရတာ၊ မှားယွင်းတာတွေကို ပြင်ဆင်ခွင့်ရှိပေမယ့်လည်း မဲစာရင်းမပါဝင်သူတွေအနေနဲ့တော့  မဲပေးခွင့် ဆုံးရှုံးမှာ ဖြစ်ပါတယ်။

မြင်းခြံခရိုင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးခင်မောင်က “မဲစာရင်းမှာ တကြိမ်ပါဖူးတဲ့သူ၊ နောက်ဆုံးမှာ မပါရင် မဲစာရင်းမှာ ထုတ်ပေးဖို့၊ နောက်တခု ပုံစံသုံးနဲ့ လျှောက်ထားဖူးလျက်နဲ့ မပါဘူးဆိုရင် မဲစာရင်းထည့်ပေးဖို့ ဆိုပြီးတော့ ကျနော်မြို့နယ်တွေကို ဒီနေ့ပဲ အကြောင်းကြားလိုက်ပါပြီ သူတို့ ဆက်လက်ဆောင်ရွက်ပါလိမ့်မယ်” လို့ ပြောပါတယ်။

ဒါ့အပြင် အိမ်ထောင်စုဇယားနဲ့ မှတ်ပုံတင်ရှိပြီး မဲစားရင်းမှာ မပါခဲ့ဘူးဆိုရင် အထက်က ညွှန်ကြားထားတာမရှိလို့ မဲပေးပိုင်ခွင့် ရရှိမှာမဟုတ်ဘူးလို့လည်း ပြောပါတယ်။

ဟင်္သာတခရိုင်မှာလည်း မဲစာရင်းမှာ မပါတာတွေ ဖြစ်ပေါ်နေပြီး ဒီအပေါ် ဟင်္သာတခ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဝင်းမောင် “ကျန်ခဲ့နိုင်ပါတယ်၊ မဲစာရင်းတွေက များတာကိုး တယောက်တလေ ကျန်နိုင်တယ်။ အဲ့ဒါက သက်ဆိုင်ရာ ကော်မရှင်ကိုတင်ပြရင် သူတို့ သက်သေခံကတ်ပြားထုတ်ပေးမယ်။ မဲစာရင်းမှာ မပါရင်တော့ ထုတ်ပေးလို့ မရဘူး” လို့ ပြောပါတယ်။

ပဲခူးမြို့ မဲဆန္ဒရှင် သက်သေခံလက်မှတ် မဲပေးမယ့် သူကိုယ်တိုင် သွားရောက်ထုတ်ယူတဲ့အခါမှာ ထုတ်ပြီးသွားတဲ့ အဖြစ်နဲ့ ကြုံတွေ့နေရတဲ့အတွက် သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲရုံး တာဝန်ရှိသူတွေထံ ဖြေရှင်းပေးဖို့ တောင်းဆိုတာတွေလည်း ရှိနေပါတယ်။

မဲစာရင်းမှာ ပါဖို့ လျှောက်ထားခဲ့ပေမယ့် နောက်ဆုံးထုတ်ပြန်တဲ့စာရင်းမှာ မပါလာသူတွေကို နောက်တိုး မဲစာရင်း ပြုစုနေတယ်လို့ နေပြည်တော်ကောင်စီနယ်မြေ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ပြောပါတယ်။

 

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ရွေးကောက်ပွဲတွင် မဲပေးခွင့်မရမည်ကို မဲစာရင်းမပါသူများ စိုးရိမ်