A d v e r t i s e m e n t With Us

ထိုင်းနာမည်ကြီး မင်းသား နာ့ဒီ ခူကိမိယ မြန်မာနိုင်ငံ သွားရောက်လည်ပတ် (ဓာတ်ပုံ)

ထိုင်းနိုင်ငံက  နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင်  ထိုင်းဂျပန်ကပြား နာ့ဒီ ခူကီမိယ ဟာ  ခုရက်ပိုင်းအတွင်း သူ့မိခင်၊ ကိုယ်ရေးအရာရှိနဲ့အတူ မြန်မာနိုင်ငံကို သွားရောက်အလှူ လုပ်ပြီး နေရာတော်တော်များများကို သွားရောက်လည်ပတ်ခဲ့ပါတယ်။ မြန်မာနိုင်ငံရောက်ရှိစဉ် မြန်မာနိုင်ငံသားတယောက်လို မြန်မာ့ရိုးရာသနပ်ခါးကို လိမ်းခြယ်ကာ ညှပ်ဖိနပ်စီး၊ တိုက်ပုံ၊ ပုဆိုး ၀တ်ဆင်ခဲ့ပါတယ်။ လမ်းဘေးဆိုင်တွေမှာ အစားထိုင်စား ဘတ်စကားစီးပြီး မြန်မာပြည်သူတွေရဲ့ ဘ၀ကို လေ့လာခဲ့သလို တွေ့သူတိုင်းအပေါ် ဖော်ရွေကာ ဓာတ်ပုံတွဲရိုက်ဖို့ မငြင်းပယ်ခဲ့တဲ့အတွက် မြန်မာပရိသတ်ရဲ့ ချစ်ခင်အားပေးမှုပါ ရရှိခဲ့တယ်လို့  http://gossipstar.mthai.com သတင်းမှာ ဖော်ပြပါတယ်။  

A d v e r t i s e m e n t With Us

More News
Up