Live
Home
မြန်မာသတင်း
ထိုင်းနိုင်ငံတွင်း ယာဉ်တိုက်မှု မြန်မာအလုပ်သမား ၄ ဦး သေဆုံး
DVB
·
November 5, 2015
ထိုင်းနိုင်ငံမြောက်ပိုင်း လမ်းပန်းခရိုင်ထဲမှာ  ၁၈ ဘီးပါ ကုန်တင်ကားကြီးတစီးနဲ့ ပစ်ကပ်ကားတစီးတို့ တိုက်မိခဲ့တာကြောင့် လူ ၅ ဦးသေဆုံးခဲ့ပြီး ၄ ဦးက မြန်မာ အလုပ်သမားတွေ ဖြစ်တယ်လို့ ထိုင်းရတ်အွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။ နိုဝင်ဘာလ ၃ ရက်နေ့က ပြောင်းဖူးစေ့တွေ အပြည့်တင်ဆောင်လာတဲ့ ၁၈ ဘီးကုန်တင်ကားကြီးနဲ့ မြန်မာအလုပ်သမားတွေ တင်ဆောင်လာတဲ့  ပစ်ကပ်ကားတို့ဟာ လမ်းပန်းခရိုင် ငေါင်းမြို့နယ်နဲ့  ဖရဲ့ခရိုင် ဆောဝ်မြို့နယ်ကြားမှာ မျက်နှာချင်းဆိုင်တိုက်မိခဲ့တာလို့ ငေါင်းမြို့နယ် ရဲတပ်ဖွဲ့ တာဝန်ကျ ဒုရဲအုပ် ကျကရတ်တွန်း ပူရာဝုန်းက သတင်းထောက်တွေကို ပြောပါတယ်။ မြန်မာအလုပ်သမားတွေကတော့ ထိုင်းနိုင်ငံအလယ်ပိုင်းမှာ အလုပ်သွားလုပ်ပြီး နေရပ် ချင်းရိုင်းခရိုင်ဘက်ကနေ ပြန်ဖို့ဖြစ်ကြောင်း၊ လမ်းမှာ မျက်နှာချင်းဆိုင်ကနေ ဒယီးဒယိုင် မောင်းနှင်လာတဲ့ ဆယ်ဘီးကားက သူတို့စီးလာတဲ့ကားကို တိုက်ခဲ့ပြီး ကားပေါ် ပါလာတဲ့ လူတချို့  တကွဲတပြားစီ လွင့်စင်သွားတာလို့ ကားပေါ်ပါလာသူ အလုပ်သမားတဦးက တာဝန်ရှိသူတွေကို ပြောပါတယ်။ ဒီယာဉ်တိုက်မှုမှာ ပစ်ကပ်ကားမောင်းသူ ထိုင်းအမျိုးသား ၁ ဦး၊  မြန်မာအမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ အခင်းဖြစ်နေရာမှာ သေဆုံးပြီး ကျန်ရှိ ဒဏ်ရာရသူ ၆ ဦးအနက် နောက်ထပ် မြန်မာအလုပ်သမား ၂ ဦး ဆေးရုံမှာ ဆုံးသွားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ mSQWlZdCq5b6ZLkt4We9IW13sCQGdVMYယဉ်တိုက်မှု ဖြစ်ပွားရတာနဲ့ ပတ်သက်ပြီး ၁၈ ဘီးကားမောင်းနှင်သူ နိုင်းဆုမ်ခစ်က သူဟာ ထိုင်းနိုင်ငံမြောက်ပိုင်း ဖယောင်းမြို့ကနေ ထိုင်းအလယ်ပိုင်းကို ပြောင်းဖူးစေ့တွေ ပို့ဆောင်ပေးဖို့ ၁၈ ဘီးပါကုန်တင်ကားနဲ့ တင်ဆောင်လာတာဖြစ်ကြောင်း၊ ခုရက်ပိုင်းအတွင်း အလုပ်များပြီး ကောင်းကောင်းအနားမယူရတဲ့အတွက် နွမ်းနယ်နေပြီး အိပ်ငိုက်လာကြောင်း၊ သူပြန်သတိရလာတဲ့အခါ သူ့ကို ကယ်ဆယ်ရေးလုပ်သားတွေက ကားထဲကနေ ဆွဲထုတ်လာနေတာကို သိရတယ်လို့ ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ယာဉ်မောင်းသူ နိုင်းဆုမ်ခစ်ကို ပေါ့ဆမှု၊ တပါးသူကို သေစေမှုတွေနဲ့ အမှုဖွင့် အရေးယူသွားမယ်လို့ ရဲက ပြောပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024