မော်ဒိုက်သမ္မတ နိုင်ငံတော် အရေးပေါ်အခြေအနေ ကြေညာ

မော်ဒိုက်သမ္မတက နိုဝင်ဘာ ၄ ရက်နေ့မှာ နိုင်ငံတော် အရေးပေါ်အခြေအနေ ရက် ၃၀ ကြေညာလိုက်ပါတယ်။ မော်ဒိုက် အတိုက်အခံ အဓိကပါတီကြီးဖြစ်တဲ့ မော်ဒိုက်ဒီမိုကရက်တစ်ပါတီက အထွေထွေဆန္ဒပြပွဲ ကျင်းပဖို့ ၂ ရက်အလိုမှာ မော်ဒိုက်သမ္မတက အခုလို အရေးပေါ်အခြေအနေ ကြေညာခဲ့တာပါ။ အစိုးရဆန့်ကျင်ရေး ဆူပူဆန္ဒပြမယ်လို့ သံသယရှိသူ ဘယ်သူ့ကိုမဆို ဖမ်းဆီးခွင့်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို သမ္မတ အက်ဒူလာ ရမင်းက အာဏာပေးအပ်ထားပါတယ်။ အတိုက်အခံပါတီခေါင်းဆောင် သမ္မတဟောင်း မိုဟာမက် နာရှိ (Mohamed Nasheed) ဟာလည်း ပြီးခဲ့တဲ့မတ်လက အကြမ်းဖက်မှုစွဲချက်နဲ့ ဖမ်းဆီးထောင်ချခံထားရပါတယ်။ မော်ဒိုက်နိုင်ငံအတွင်း တရားဥပဒေစိုးမိုးဖို့နဲ့ မော်ဒိုက်ပြည်သူတွေ အသက်အိုးအိမ်စည်းစိမ် ကာကွယ်ဖို့ နိုင်ငံတော် အရေးပေါ်အခြေအနေ ကြေညာတာလို့ မော်ဒိုက်အစိုးရ ပြောခွင့်ရက ပြောဆိုပါတယ်။ ပြီးခဲ့တဲ့ရက်တွေအတွင်း လက်နက်ခဲယမ်း အမြောက်အမြားကို ဖမ်းဆီးရမိခဲ့ပြီး အာဏာသိမ်းမယ့် အစီအစဉ်တွေလည်း ဖော်ထုတ်နိုင်ခဲ့တယ်လို့ အစိုးရရှေ့နေချုပ် ပြောပါတယ်။ မော်ဒိုက်နိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း နိုင်ငံရေး မတည်မငြိမ်ဖြစ်နေပြီး ဒု-သမ္မတ အာမက်အာဒီဒ်ဟာလည်း ပြီးခဲ့တဲ့တပတ်က နိုင်ငံတော်လုပ်ကြံမှုနဲ့ ဖမ်းဆီးခံထားရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up