အသက်ကယ်လေအိတ် ထုတ်သည့်ကုမ္ပဏီကို ဒေါ်လာသန်း ၂၀၀ ဒဏ်ကြေးတပ်

1K
ကားတွေမှာတပ်ဆင်တဲ့ အသက်ကယ်လေအိတ် ထုတ်လုပ်တဲ့ ဂျပန်ကုမ္ပဏီဟာ ဥပဒေချိုးဖောက်တဲ့အတွက် အမေရိကန်ဒေါ်လာ သန်း ၂၀၀ အထိ ဒဏ်ကြေးထိနိုင်တယ်လို့ အမေရိကန် အာဏာပိုင်တွေက နိုဝင်ဘာ ၃ ရက်နေ့မှာ ပြောဆိုပါတယ်။
တကာတာ အသက်ကယ်လေအိတ် ထုတ်လုပ်ရေး ကုမ္ပဏီက လေအိတ်တွေမှာ အန္တရာယ်ရှိ အမိုနီယမ်နိုက်ထရိတ် (ammonium nitrate) ဓာတ်ပစ္စည်းတွေ သုံးစွဲထားပြီး သုံးစွဲထားတဲ့အကြောင်းလည်း တရားဝင်အသိပေးခြင်း မရှိတဲ့အတွက် အခုလို ဒဏ်တပ်ခံရတာလို့ အမေရိကန် မော်တော်ယာဉ် အန္တရာယ်ထိန်းချုပ်ရေး အာဏာပိုင်တွေက ပြောပါတယ်။
အမေရိကန်ဒေါ်လာ သန်း ၇၀ ကနဦး ဒဏ်တပ်ခံထားရပြီး စစ်ဆေးရင်း တခြားဥပဒေ ချိုးဖောက်မှုတွေပါ အပါအ၀င် အမေရိကန်ဒေါ်လာ သန်း ၂၀၀ လောက်အထိ ဒဏ်ကြေးဆောင်ရနိုင်တယ်လို့ ဆိုပါတယ်။
အမေရိကန်နိုင်ငံတ၀န်း ဒီအသက်ကယ်လေအိတ်မျိုး တပ်ဆင်ထားတဲ့ ကားအစီးရေ ၂၃ သန်းကျော်ကို ပြန်အပ်ဖို့ ကြေညာထားပါတယ်။
ဒီလေအိတ်တွေကို အများဆုံး တပ်ဆင်မိထားတဲ့ ဟွန်ဒါကားကုမ္ပဏီကလည်း နောက်ထုတ်လုပ်မယ့် ကားတွေမှာ တကာတာကုမ္ပဏီထုတ် အသက်ကယ်လေအိတ်တွေကို မသုံးတော့ဘူးလို့ ကြေညာထားပြီး တပ်ဆင်ပြီးဖြစ်နေတဲ့ ဟွန်ဒါကား ၆ သန်းကိုလည်း ပြန်လည် လဲလှယ်တပ်ဆင်နေပါတယ်။
လက်ရှိအချိန်အထိ ကား ၄၀ ရာခိုင်နှုန်းကျော်မှာ လဲလည်တပ်ဆင်ပြီးပြီလို့ ဟွန်ဒါကုမ္ပဏီက ပြောပါတယ်။