လက်ဝှေ့သမား မေ၀ယ်သာအနေနဲ့ မိန်းမတယောက်ရဲ့ ရိုက်နှက်တာကို ခံရရင် ဘယ်လိုခံစားရသလဲ ဆိုတာကို သိချင်တယ်လို့ စိန်ခေါ် ပြောဆိုခဲ့ဖူးတဲ့ အမျိုးသမီး ကိုယ်ခံပညာ တိုက်ခိုက်ရေးသမား ရွန်ဒါ ရိုဆန်က ပြိုင်ဘက်ကို အလဲထိုး အနိုင်ယူလိုက်တဲ့ ရုပ်သံ အင်တာနက်ပေါ်မှာ သူရဲ့ ပရိသတ်တွေက ဖြန့်ဝေနေပါတယ်။
နိုဝင်ဘာ ၁၄ ရက် ကမ္ဘာ့ချန်ပီယံ ဟိုလီဟုန်းနဲ့ မထိုးမီ အရင် ဘရာဇီး ကိုယ်ခံပညာ တိုက်ခိုက်ရေးသမား ဘတ် ကော်ရီယာကို ပထမအချီ ၃၄ စက္ကန့် အတွင်းမှာ အလဲထိုးခဲ့တဲ့ ရုပ်သံဖိုင်ဖြစ်ပါတယ်။
ဒီရုပ်သံဖိုင်ကို အစွမ်းကုန် တိုက်ခိုက်ရေး ချန်ပီယံ (ယူအက်ဖ်စီ)က အင်တာနက်ပေါ်ကို အောက်တိုဘာ ၄ ရက်က တင်ခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲအနိုင်ကြောင့် ရွန်ဒါက ဒေါ်လာ ၅ သန်းနီးပါးကို ရုပ်သံတွေကနေ တဆင့် ရရှိတယ်လို့ ဆိုပါတယ်။
ဒီငွေကြေးဟာ အမျိုးသား တိုက်ခိုက်ရေးသမားတွေနဲ့ အတူ ရရှိတဲ့ ငွေကြေးဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒါပေမယ့် ယူအက်စ်စီက ရတဲ့ ဆုကြေးငွေကတော့ အတော်ကို နိမ့်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။