ဂျော်ဒန်တွင် သဲမုန်တိုင်း တိုက်မှုကြောင့် မီရှဲလ်အိုဘားမားလေယာဉ် အချိန်မီမဆင်းနိုင်

ဓာတ်ပုံ - ရိုက်တာ
1.3K
ဂျော်ဒန်နိုင်ငံရဲ့ မြို့တော်မှာ သဲမုန်တိုင်းတွေ နိုဝင်ဘာ ၄ ရက်နေ့က တိုက်ခတ်ခဲ့လို့ အမေရိကန်သမ္မတကတော် မီရှဲလ် အိုဘားမားဟာ အချိန်မီ လေယာဉ်မဆင်းနိုင်ဘဲ နှောင့်နှေးခဲ့ပါတယ်။
ကျန်ခဲ့တဲ့ ၂ ရက်လုံး ဂျော်ဒန်နိုင်ငံအတွင်း နေရာကွက်ကျား မိုးရွာခဲ့ပြီး မိုးကြိုးမုန်တိုင်းတွေ တိုက်ခတ်ခဲ့တာပါ။
နိုဝင်ဘာ ၃ ရက်နေ့က ရာသီဥတု အခြေအနေကြောင့် မြင်နိုင်စွမ်း ကျဆင်းနေလို့ ကွင်အေလီယာ နိုင်ငံတကာလေဆိပ်ကို ဆင်းသက်မယ့် လေကြောင်းခရီးစဉ် ၇ ခုဟာ ဒေသတွင်း တခြားလေဆိပ်တွေဆီ လွှဲပြောင်း ဆင်းသက်ခဲ့ရပါတယ်။
အမ်မန် ဒေသခံတွေကတော့ ရာသီဥတုဟာ ဒီနိုင်ငံမှာ ပုံမှန်မဟုတ်ဘူး၊ မကြုံစဘူး ထူးခြားဖြစ်စဉ်ပဲလို့ ပြောပါတယ်။
ကာတာနိုင်ငံကို ဆက်သွားမယ့် အမေရိကန်သမ္မတကတော်ဟာ မိန်းကလေးတွေအတွက် ကမ္ဘာလုံးဆိုင်ရာ ပညာရေးလှုပ်ရှားကို တိုးမြှင့်ဖို့ အရှေ့အလယ်ပိုင်း ခရီးစဉ်နဲ့ ရောက်နေတာပါ။
ခရီးစဉ်အတွင်း မီရှဲလ် အိုဘားမားဟာ ပေထရာမြို့က သမိုင်းဝင်နေရာတွေဆီ သွားရောက်လည်ပတ်မှာပါ။
ဒါ့အပြင် အမေရိကန် အကူအညီပေးရေးအဖွဲ့ USAID က ဆောက်လုပ်တဲ့ ကျောင်းကို သွားရောက်လည်ပတ်ဖို့လည်း မျှော်လင့်ထားပါတယ်။