ကျောက်တန်းတွင် ပြည်ခိုင်ဖြိုးပါတီ ရွေးကောက်ပွဲအောင်နိုင်ရေး မဲဆွယ် (ဓာတ်ပုံ)
DVB
·
November 5, 2015
ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်မှာ နိုဝင်ဘာ ၅ ရက် မနက်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုရေးပါတီရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး မဲဆွယ်မှု ပြုလုပ်ခဲ့ပါတယ်။
ကျောက်တန်းမြို့နယ်ထဲမှာ လက်ရှိ လယ်ယာစိုက်ပျိုးရေးနဲ့ မွေးမြူရေးဝန်ကြီး ဦးအုန်းမြင့်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဦးမြငြိမ်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်အေးမင်းမိုးနဲ့ တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၂ မှာ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမျိုးမြင့်တို့ ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
ဓာတ်ပုံ - အိမမမွန်