ပါလက်စတိုင်းအသင်း အိမ်ကွင်းတွင် ကမ္ဘာ့ဖလားခြေစစ်ပွဲ မကျင်းပရန် ဖီဖာ ပြော

ပါလက်စတိုင်း လက်ရွေးစင်အသင်း။
970
၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေကို အိမ်ကွင်းမှာ လက်ခံကျင်းပခြင်းမပြုဖို့ ပါလက်စတိုင်းအသင်းကို ကမာ့္ဘဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က ပြောဆိုလိုက်ပါတယ်။
တလနီးပါး ကြာမြင့်နေတဲ့ အစ္စရေးနဲ့ ပါလက်စတိုင်း အကြမ်းဖက်မှုတွေကြောင့် ဒီပွဲစဉ်တွေကို ရွှေ့ဆိုင်းပေးဖို့ အသင်းတွေက တောင်းဆိုထားသလို အာရပ်နိုင်ငံ အများစုကလည်း အနောက်ဘက်ကမ်းမှာ ကစားဖို့ ငြင်းဆန်ခဲ့ပါတယ်။
နိုဝင်ဘာ ၅ ရက် ပါလက်စတိုင်း ရာမာလာမှာ ဆော်ဒီအသင်း၊ နိုဝင်ဘာ ၁၂ ရက် မလေးရှားအသင်းတို့နဲ့ ကစားရမှာ ဖြစ်ပါတယ်။
ဖီဖာအရာရှိတွေနဲ့ ပါလက်စတိုင်း ဘောလုံးအဖွဲ့ချုပ်တို့ နိုဝင်ဘာ ၃ ရက် တွေ့ဆုံခဲ့အပြီး ပွဲနဲ့ပတ်သက်တဲ့ လုံခြုံရေး အခြေအနေအပေါ် ပါလက်စတိုင်း အစိုးရက အာမခံချက် မပေးနိုင်တဲ့အတွက် အခုလို ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။
နိုဝင်ဘာ ၅ ရက် ဆော်ဒီနဲ့ ကစားမယ့်ပွဲကိုလည်း နိုဝင်ဘာ ၉ ရက်အထိ ပြောင်းရွှေ့ထားသလို ပြောင်းရွှေ့ကျင်းပမယ့် ကွင်းကိုလည်း မဆုံးဖြတ်ရသေးဘူးလို့ ဆိုပါတယ်။
အခြေအနေတွေ ပိုမိုဆိုးဝါးလာရင်တော့ ကြားကွင်းမှာကစားဖို့ တောင်းဆိုထားပေမယ့် ဖီဖာက အခြေအနေတွေကို စောင့်ကြည့်နေသလို ပွဲမကစားခင် ၂၄ နာရီအတွင်း ရွှေ့ဆိုင်း မဆိုင်း အကြောင်းပြန်မယ်လို့ မလေးရှားဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။