A d v e r t i s e m e n t With Us

ပါလက်စတိုင်း ကားမောင်းသူတဦးကို အစ္စရေးတပ် ပစ်သတ်

ဓာတ်ပုံ - ရိုက်တာ
အစ္စရေး သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းပါးမှာ အစ္စရေးတပ်တွေက ပါလက်စတိုင်း ကားမောင်းသူတဦးကို နိုဝင်ဘာ ၄ ရက်နေ့က အသေပစ်သတ်ခဲ့ပါတယ်။ ဟီဘရွန်မြို့နားမှာ ပါလက်စတိုင်း အမျိုးသားဟာ အသက် ၂၀ အရွယ် အစ္စရေး နယ်ခြားစောင့် ရဲအရာရှိကို ကားနဲ့တိုက်ခဲ့ပါတယ်။ အတိုက်ခံရတဲ့ အစ္စရေးရဲအရာရှိ ဆိုးဆိုးရွားရွား ဒဏ်ရာရခဲ့သလို အဲဒီ ကားနဲ့ တိုက်ခဲ့သူကို တိတိကျကျ ပစ်ခတ်ခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဟီဘရွန်မြို့ဟာ မတည်ငြိမ်တဲ့ အကြမ်းဖက်မှုတွေရဲ့ ဆုံချက်ဖြစ်လာနေတယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ အောက်တိုဘာလ အစတည်းက ဒေသတွင်း အစ္စရေးကို ဆန့်ကျင်တိုက်ခိုက်ခဲ့တာ အကြိမ် ၃၀ မြောက် ရှိပြီလို့ ဆိုပါတယ်။ ဓားထိုးမှု၊ ပစ်ခတ်မှုနဲ့ တခြားတိုက်ခိုက်မှုတွေကြောင့် အစ္စရေးစစ်သား ၁၁ ဦး သေဆုံးခဲ့ပါတယ်။ အစ္စရေးစစ်တပ်က အသေပစ်သတ်လို့ ပါလက်စတိုင်း အနည်းဆုံး ၆၈ ဦး သေဆုံးခဲ့ပြီး အများစုဟာ ဆယ်ကျော်သက်တွေ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up