အန်အယ်လ်ဒီ အစိုးရဖွဲ့ပြီးရင် ဒုတိယမြောက် လွတ်လပ်ရေးတိုက်ပွဲ အောင်နိုင်ပြီ

2.9K
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ နိုဝင်ဘာ ၅ ရက် မနက်က တက္ကသိုလ်ရိပ်သာလမ်းနေအိမ်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲအကြို သတင်းစာရှင်းလင်းပွဲမှာ ဒီဗွီဘီရဲ့မေးမြန်းချက်အပေါ် ဖြေကြားချက်။
ဒီဗွီဘီ - ၈၈ တုန်းက အန်တီက ဒုတိယမြောက် လွတ်လပ်ရေးတိုက်ပွဲလို့ ပြောခဲ့တာ ရှိပါတယ်။ အဲဒီ ဒုတိယမြောက် လွတ်လပ်ရေးတိုက်ပွဲက ခု ဘယ်အဆင့်ရောက်နေပြီလဲ။ နောက်ထပ် ဘာတွေဆက်ပြီး ရင်ဆိုင်ရဦးမလဲဆိုတာ ပြောပြပေးပါ။
ဒေါ်အောင်ဆန်းစုကြည် - “ကျမတို့ အန်အယ်လ်ဒီ အစိုးရ သေသေချာချာ လုပ်ပြီးသွားရင် ဒုတိယမြောက် လွတ်လပ်ရေးတိုက်ပွဲဟာ အောင်နိုင်ပြီလို့ ကျမ သတ်မှတ်လို့ရပါတယ်”