A d v e r t i s e m e n t With Us

လိင်ပိုင်းဆိုင်ရာ တိတ်ခွေနှင့် ပတ်သက်ပြီး ဘန်ဇီမာ ထိန်းသိမ်းစစ်ဆေးခံရ

လိင်ပိုင်းဆိုင်ရာ တိတ်ခွေနဲ့ ပတ်သက်ပြီး ပြင်သစ်အသင်းနဲ့ ရီးရဲလ်မက်ဒရစ် ကစားသမား ကရင့် ဘန်ဇီမာကို ရဲတပ်ဖွဲ့က ထိန်းသိမ်း စစ်ဆေးခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာ တခြားကစားသမား မက်သီယို ၀ါဘူနာလည်း ပါဝင်ပတ်သက်နေသလို နိုဝင်ဘာ ၄ ရက် မနက်ပိုင်းက ဗာဆေးရဲစခန်းကို ရောက်လာတဲ့ ဘန်ဇီမာကို ရဲတပ်ဖွဲ့က တညတာ ထိန်းသိမ်း စစ်ဆေးမေးမြန်းခဲ့ပါတယ်။ ပြင်သစ်နဲ့ လီဗာပူးအသင်း ကစားသမား ဆီဆေးကို အရင်လက ထိန်းသိမ်းပြီး တစုံတရာ စွဲဆိုခြင်းမရှိဘဲ ပြန်လွှတ်ပေးခဲ့ပြီးတဲ့နောက် ဘန်ဇီမာကို အခုလို မေးမြန်းဖို့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ မိုဘိုင်းဖုန်းကနေတဆင့် ဖမ်းယူထားတဲ့ လိင်ပိုင်းဆိုင်ရာ တိတ်ခွေကိစ္စအပေါ် စုံစမ်းမေးမြန်းတာလို့ အေအက်ဖ်ပီက ရေးပါတယ်။ အောက်တိုဘာလက အာမေးနီးယား၊ ဒိန်းမတ်အသင်းတွေနဲ့ မကစားမီ ပြင်သစ်အသင်းသားတွေ တွေ့ဆုံစဉ်မှာ ဘန်ဇီမာနဲ့ ကစားသမားတွေ ပြောဆိုခဲ့တာတွေက ရိုးရိုးသားသား ပြောဆိုခဲ့သလား ဒါမှမဟုတ် တမင်ပြောဆိုခဲ့သလားဆိုတာကို စုံစမ်းသူတွေက သိရှိချင်နေတာလို့ ဆိုပါတယ်။ စုံစမ်းစစ်ဆေးမှုနဲ့ ပတ်သက်ပြီး ဘန်ဇီမာနာမည် ပါလာတဲ့အပေါ် မေးမြန်းခံဖို့ အသင့်ရှိတယ်ဆိုတာကို ပြသခဲ့တာလို့ ဘန်ဇီမာရှေ့နေက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up