A d v e r t i s e m e n t With Us

အာဆင်နယ်ကို ဂိုးပြတ်ဖြင့်နိုင်ပြီး ရှုံးကြွေးပြန်ဆပ်သည့် ဘိုင်ယန်မြူးနစ် (ရုပ်သံဟိုက်လိုက်)

နိုဝင်ဘာ ၄ ရက်ညက ယှဉ်ပြို်င်သွားတဲ့ ချန်ပီယံလိဂ် အုပ်စု အက်ဖ် ပွဲစဉ်မှာတော့ ဂျာမနီ ဘွန်ဒစ်လီဂါထိပ်သီး ဘိုင်ယန်မြူးနစ်က အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်ကို ၅ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။ ပထမပိုင်းပွဲအစ ၁၀ မိနစ်မှာ လီဝမ်ဒေါ့စကီးက အဖွင့်ဂိုးသွင်းယူခဲ့ပါတယ်။ ဒီနောက် ပွဲချိန် ၂၉ မိနစ်မှာ မူလာနဲ့ ၄၄ မိနစ်မှာ အယ်လ်ဘာက ဂိုးတွေ ထပ်မံသွင်းယူခဲ့ပြီး ပထမပိုင်းမှာ ဘိုင်ယန်က ၃ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ခဲ့ပါတယ်။ ဒီပွဲမှာ ဘိုင်ယန်မြူးနစ်အသင်း ဘောလုံးပိုင်ဆိုင်မှု ၆၉ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး ပွဲကို ထိန်းချုပ်ကစားသွားနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်း ၅၅ မိနစ်မှာ ရော်ဘင်က စတုတ္ထမြောက်ဂိုးကို ထပ်မံသွင်းယူခဲ့ပါတယ်။ အာဆင်နယ်အတွက် နှစ်သိမ့်ဂိုးကို ဂျီရူးက ဒုတိယပိုင်း ၆၉ မိနစ်မှာ သွင်းယူခဲ့ပါတယ်။ ပွဲချိန် ၈၉ မိနစ်မှာ မူလာက ဘိုင်ယန်အတွက် ပဉ္စမမြောက်ဂိုးကို သွင်းယူသွားခဲ့ပါတယ်။ ဒီပွဲရှုံးနိမ့်သွားတဲ့ အာဆင်နယ်အတွက် ချန်ပီယံလိဂ် ဒုတိယအဆင့် တက်ရောက်ရေး မျှော်လင့်ချက်ေ၀၀ါးသွားပြီ ဖြစ်ပါတယ်။ တချိန်တည်း ယှဉ်ပြိုင်သွားတဲ့ အုပ်စု အက်ဖ် အခြားပွဲစဉ်မှာ ဂရိကလပ် အိုလံပီယာကော့စ်က ခရိုအေးရှားကလပ် ဒိုင်နမို ဇာဂရက်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ အုပ်စု အက်ဖ် ပွဲစဉ် ၄ အပြီးမှာတော့ ဘိုင်ယန်မြူးနစ်က ၉ မှတ်နဲ့ အုပ်စု ပထမ၊ အိုလံပီယာကော့စ်ကလည်း ၉ မှတ်နဲ့ ရမှတ်တူပေမယ့် ဂိုးကွာခြားချက်ကြောင့် အုပ်စု ဒုတိယ၊ အာဆင်နယ်နဲ့ ဒိုင်နမိုဇာဂရက်က ၃ မှတ်စီ တူပေမယ့် ဂိုးကွာခြားချက်အရ အာဆင်နယ်က တတိယနဲ့ ဒိုင်နမိုဇာဂရက်က အုပ်စု စတုတ္ထနေရာမှာ အသီးသီး ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up