ချန်ပီယံလိဂ်ပွဲစဉ် ချဲလ်ဆီး ၂- ၁ ဒိုင်နမိုကိယက်ဗ် (ရုပ်သံဟိုက်လိုက်)

နိုဝင်ဘာ ၄ ရက်က ယှဉ်ပြိုင်သွားတဲ့ ချန်ပီယံလိဂ် အုပ်စု ဂျီ ပွဲစဉ်တွေမှာတော့ အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးအသင်းက ယူကရိန်းကလပ် ဒိုင်နမိုကိယက်ဗ်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။ စတန်းဖို့ဒ်ဘရစ်မှာ ကစားတဲ့ ဒီပွဲ ပထမပိုင်း ၃၄ မိနစ်မှာ အလက်ဇန္ဒား ဒရာကိုဗစ်က ကိုယ့်ဂိုးကိုယ်သွင်းမိတဲ့အတွက် ချဲလ်ဆီးအသင်းက ၁ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ပါတယ်။ ဒါပေမယ့်လည်း ဒုတိယပိုင်း ၇၇ မိနစ်မှာ ဒရာကိုဗစ်က ဒိုင်နမိုကိယက်ဗ်အတွက် ချေပဂိုး ပြန်လည်သွင်းယူသွားတဲ့အတွက် ၁ ဂိုးစီ သရေကျသွားပါတယ်။ ဒီနောက် ဒုတိယပိုင်း ၈၃ မိနစ်မှာတော့ ၀ီလီယံက ချဲလ်ဆီးအသင်းအတွက် အနိုင်ဂိုး သွင်းယူသွားခဲ့ပါတယ်။ ဒီပွဲမှာ ချဲလ်ဆီးအသင်းက ဘောလုံးပိုင်ဆိုင်မှု ၅၄ ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။ ဒီအနိုင်ကြောင့် နည်းပြမော်ရင်ဟို ရင်ဆိုင်နေရတဲ့ ဖိအားတချို့ သက်သာရာ ရသွားခဲ့ပါတယ်။ ချဲလ်ဆီးပရိသတ်တွေ အပါအ၀င် မိသားစုဝင်တွေကလည်း ဖိအားတွေ ရင်ဆိုင်နေရတဲ့ မော်ရင်ဟိုကို ထောက်ခံခဲ့ပါတယ်။ အောက်တိုဘာ ၄ ရက်ညကပဲ ယှဉ်ပြိုင်သွားတဲ့ အုပ်စု ဂျီ အခြားပွဲစဉ်မှာတော့ ပေါ်တူဂီကလပ် ပေါ်တိုက အစ္စရေးကလပ် မက္ကာဘီ တဲလ်အဗစ်ကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ အုပ်စု ဂျီမှာ ၄ ပွဲစီ ကစားပြီးချိန် ပေါ်တိုအသင်းက ၁၀ မှတ်နဲ့ ပထမ၊ ချဲလ်ဆီးအသင်းက ၇ မှတ်နဲ့ ဒုတိယ၊ ဒိုင်နမိုကိယက်ဗ်က ၅ မှတ်နဲ့ တတိယ၊ မက္ကာဘီ တဲလ်အဗစ်က အမှတ်မရသေးဘဲ အုပ်စုနောက်ဆုံးမှာ အသီးသီး ရပ်တည်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up