လူမှုကွန်ရက်မီဒီယာက ဘ၀အစစ်အမှန်မဟုတ်ဟု သြစတြေးလျမော်ဒယ် ပြော

အင်စတာဂရမ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပရိသတ် ၈ သိန်း ကျော်ရှိတဲ့ သြစတြေးလျနိုင်ငံသူ မော်ဒယ်လ်အက်ဆီနာအိုနေးလ်က လူမှုကွန်ရက်စာ မျက်နှာတွေဟာ တကယ့်ဘ၀အစစ်အမှန်မဟုတ်ဘူးလို့ပြောပါတယ်။ အသက် ၁၉ နှစ်အရွယ်မော်ဒယ်ဟာ ရွှေရောင်ဆံပင်၊ သွယ်လျတဲ့ကိုယ်ခန္ဓာနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှုရှိနေတဲ့ ကိုယ်ဟန်ပြပုံတွေကြောင့် အင်စတာဂရမ်ပေါ်မှာ လူသိများနေတာဖြစ်ပါတယ်။ အင်စတာဂရမ်နဲ့ ယူကျူကလွဲပြီး သူသုံးနေတဲ့ လူမှုကွန်ရက်စာမျက်နှာတွေကို ရုတ်တရက်ရပ်နားလိုက်ကာ အင်စတကာဂရမ်အကောင့်ကိုလည်း “လူမှုကွန်ရက်မီဒီ ယာတွေဟ အစစ်အမှန်ဘ၀မဟုတ်” လို့ အမည်ပြောင်းလိုက်တဲ့အတွက် ပရိသတ်တွေက အံ့အားသင့်ခဲ့ကြတယ်လို့ စီစီတီဗွီသတင်းက နိုဝင်ဘာလ ၄ ရက်နေ့မှာ ဖော်ပြပါတယ်။ သူက အရင်တင်ခဲ့တဲ့ ဓာတ်ပုံတွေ၊ ခံစားချက်စာသားတွေဟာ ထင်ယောင်မှားမှု သာဖြစ်ပြီး လူမှုကွန်ရက်စာမျက်နှာတွေဟာ အတုအယောင်ဖြစ်တယ်လို့ အတိအလင်း ကြေညာလိုက်တာပါ။ သူဟာ အင်တာနက်ပေါ်မှာ ပရိသတ်အများအပြား ရှိပေမယ့် တစထက်တစအထီး ကျန်လာခဲ့ပြီး လက်တွေ့ဘ၀ထဲကို ပြန်သွားချင်ခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။ “ကျမ အင်တာနက်လူမှုကွန်ရက်တွေပေါ်မှာပဲအချိန်ကုန်ပြီး တခြားသူတွေကို မျှ ဝေတာတွေ မလုပ်ချင်တော့ဘူး။ ခြားနားတဲ့ ဘ၀နေထိုင်မှုကို ရှာဖွေချင်ပါတယ်။ ကိုယ့် စိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် ရှင်သန်နေထိုင်ချင်ပါတယ်”လို့သူက ပြောပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up