မူးယစ်ဆေးဂိုဏ်းကို တရုတ်ရဲတပ်ဖွဲ့ ဖြိုခွဲဖမ်းဆီး (ရုပ်သံ)

တရုတ်နိုင်ငံ၊ ဂွမ်ဒေါင်းခရိုင်၊ ကွီယင်ဒေသ တောင်ကြားထဲက စခန်းတခုမှာ မက်သာအဖက်တမင်း ကီလို ၈၃၀ နဲ့အတူ သံသယဖြစ်ဖွယ် လူ ၁၀ ဦးကို ရဲတွေက ဖြိုခွဲဖမ်းဆီးခဲ့ပါတယ်။ အဲဒီနေရာဟာ တောင်ကုန်းတွေဝန်းရံနေတဲ့ လျှို့ဝှက်နေရာတခုဖြစ်ပြီး တောင်ကုန်းတွေပေါ်မှာ ရှေ့တန်းကင်းစခန်း ၂ ခု ရှိတယ်လို့ စီစီတီဗွီသတင်းမှာ နိုဝင်ဘာ ၃ ရက်နေ့က ဖော်ပြပါတယ်။ ရဲတွေဟာ အဲဒီရှေ့တန်းစခန်း ၂ ခုကို ဖြိုခွဲပြီးချိန်မှာ သံသယရှိသူတွေကို ဖမ်းဆီးဖို့ ၁ ကီလိုမီတာလောက် လမ်းလျှောက်ခဲ့ကြရတာပါ။ ပင်မစခန်းနေရာဆီ ရဲတွေရောက်ရှိချိန်မှာ တရားမ၀င် မှောင်ခိုအဖွဲ့ဝင်တွေဟာ မက်သာအဖက်တမင်း မူးယစ်ဆေးဝါးတွေကို ထုပ်ပိုးအလုပ်ရှုပ်နေချိန်ဖြစ်တယ်လို့ သတင်းက ဆိုပါတယ်။ အဲဒီအမှုကို လောလောဆယ်မှာတော့ ဆက်လက်စုံစမ်းလေ့လာနေဆဲ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up