A d v e r t i s e m e n t With Us

မိုးညို မြစ်သာပေါက်တံတား ပြုပြင်ပြီး တပတ်အတွင်း ကွေးညွတ်ပြိုကျ

ပဲခူးတိုင်းဒေသကြီး၊ မိုညိုမြို့နယ်၊ ထိန်တော-မိုးညို-တာပွန်-နတ်တလင်းလမ်းမှာ ရှိတဲ့ မြစ်သာပေါက်တံတားဟာ ပြုပြင်ပြီး ဖြတ်သန်းသွားလာခွင့်ရတဲ့နောက် တပတ်အတွင်းမှာပဲ ပြန်ပြီး ကွေးညွတ်ပြိုကျခဲ့ပါတယ်။ ရေကြီးနစ်မြုပ်လို့ တံတားရေလယ်တိုင် ပြိုကျခဲ့တဲ့အတွက် သံပေါင်တွေ ပြန်ဖြောင့်တာ၊ ကြမ်းခင်းတွေ ပြုပြင်တာကို ဆောင်ရွက်ခဲ့ပြီး အောက်တိုဘာ ၂၃ ရက်နေ့မှာ ဖြတ်သန်းခွင့်ရခဲ့တာပါ။ အဲဒီနောက် အောက်တိုဘာ ၂၈ ရက်နေ့မှာတော့ မြေပြိုခဲ့တာတွေကြောင့် တံတားကမ်းကပ်ခုံတွေ၊ ရေလယ်တိုင်တွေ တိမ်းစောင်းခဲ့ပြီး ၂၉ ရက်နေ့မှာ ဘေလီသံဘောင်တွေ ကွေးညွတ်ပြိုကျခဲ့တာပါ။ လက်ရှိမှတော့ ချောင်းဖြတ်ကူးရာမှာ စက်လှေတွေနဲ့ ဖြတ်နေရပြီး အခကြေးငွေ အပိုကုန်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဓာတ်ပုံ-မောင်ဇော်  

A d v e r t i s e m e n t With Us

More News
Up