မြန်နှုန်းမြင့် မောင်းနှင်သည့် ကားခိုးသံသယရှိသူကို လိုက်လံဖမ်းဆီး (ရုပ်သံ)

3.2K
အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်တောင်ပိုင်းက အဝေးပြေးလမ်းမတခုပေါ်မှာ နိုဝင်ဘာ ၃ ရက်နေ့က လူတဦးဟာ ကားတစီးကိုခိုးယူပြီး အရှိန်မြှင့်မောင်း နှင်သွားခဲ့တဲ့အတွက် ရဲတွေက ၁ နာရီကြာ လိုက်လံဖမ်းဆီးခဲ့ပါတယ်။
သူဟာ ချက်ဗီတဟိုး အမျိုးအစား အဖြူရောင်ကားကို ခိုးယူသွားခဲ့တာလို့ သံသယ ရှိခဲ့ပြီး အဝေးပြေးလမ်းမကြီးတလျှောက် ယာဉ်ကြောပိတ်ဆို့မှုတွေကြားထဲမှာ ၀င်ချည် ထွက်ချည် ဖြတ်မောင်းနေခဲ့တာပါ။
အဲဒီကားဟာ လမ်းတလျှောက်မှာ ရဲကား ၂ စီးအပါအ၀င် ယာဉ်အတော်များများကို တိုက်မိခဲ့တယ်လို့ အန်ဘီစီသတင်းဌာနက ဆိုပါတယ်။
တနေရာမှာတော့ အဲဒီကားဟာ နောက်ဘီးတာယာပေါက်ပြီး ဆက်မမောင်းနိုင် တော့ပဲ ရပ်တန့်သွားချိန်မှာ ရဲတွေက ဖမ်းဆီးခဲ့တာပါ။
အဲဒီသံသယရှိသူ ကားနောက်ကို ရဲတွေဟာ အနောက်တောင်ပိုင်း မီယာမီဒိတ်အ ရပ်ကနေ မီယာမီဂါးဒင်းအရပ်ထိလိုက်ခဲ့ပြီးမှ ကားမောင်းသူကို ၀ိုင်းဝန်းဖမ်းဆီးနိုင်ခဲ့တာပါ။