A d v e r t i s e m e n t With Us

ပါကစ္စတန်လေယာဉ် လေဆိပ်အဆင်း ဘီးပြုတ် ပြေးလမ်းချော်၊ ၁၀ ဦး ဒဏ်ရာရ

ဓာတ်ပုံ - ဘီဘီစီ
ပါကစ္စတန်နိုင်ငံ လာဟိုး နိုင်ငံတကာလေဆိပ်မှာ နိုဝင်ဘာ ၃ ရက်နေ့က ခရီးသည်တင် လေယာဉ်တစင်း အဆင်းမှာ ဘီးပြုတ်ပြေးလမ်းချော်ခဲ့ပြီး ခရီးသည် ၁၀ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားပါတယ်။ လေယာဉ်ဟာ ပါကစ္စတန် လေကြောင်းလိုင်းတခုဖြစ်တဲ့ ရှာဟင်း လေကြောင်းလိုင်းကဖြစ်ပြီး မတော်တဆမှု ဖြစ်တဲ့အချိန်မှာ လေယာဉ်နဲ့ လိုက်ပါလာသူ အားလုံး အယောက် ၁၀၀ ကျော်တယ်လို့ သတင်းတွေက ဆိုပါတယ်။ ကနဦးသတင်းတွေအရ လေယာဉ်ဘီးပေါက်ပြီး ပြေးလမ်းအပြင်ကို ရောက်သွားတယ်လို့ ဆိုပြီး တခြားသတင်းတွေမှာတော့ စက်ချို့ယွင်းမှုဖြစ်တယ်လို့ ဆိုပါတယ်။ ဖြစ်စဉ်အတိအကျသိရဖို့ ပါကစ္စတန် လေကြောင်းအာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်နေကြပါတယ်။ ခရီးသည်တချို့ ဒဏ်ရာရတာကလွဲလို့ ခရီးသည်အားလုံးကို ဘေးကင်းရာ ကယ်ထုတ်နိုင်ခဲ့ပါတယ်။ မျက်မြင်တဦးကတော့ လေယာဉ်ဘီးပေါက်ပြီး ပြေးလမ်းချော်ထွက်သွားတယ်လို့ ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up