ချန်ပီယံလိဂ်ပွဲစဉ် ရီးရဲလ် ၁ – ၀ ပီအက်စ်ဂျီ၊ ရှက်တာဒိုးနက် ၄ – ၀ မယ်လ်မို (ရုပ်သံဟိုက်လိုက်)

ချန်ပီယံလိဂ် အုပ်စု အေ ပွဲစဉ်အဖြစ် စပိန်ထိပ်သီး ရီးရဲလ်မက်ဒရစ်နဲ့ ပြင်သစ်ကလပ် ပီအက်စ်ဂျီတို့ နိုဝင်ဘာ ၃ ရက်ညက ယှဉ်ပြိုင်ရာ ရီးရဲလ်က ၁ ဂိုး ဂိုးမရှိနဲ့ နိုင်သွားပါတယ်။ ရီးရဲလ်အတွက် တလုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၃၅ မိနစ်မှာ နာချို ဖာနန်ဒက်ဇ် (Nacho Fernandez) က သွင်းယူပေးခဲ့တာပါ။ အုပ်စု အေ အခြားပွဲစဉ်အဖြစ် ယူကရိန်းကလပ် ရှက်တာဒိုးနက်နဲ့ ဆွီဒင်ကလပ် မယ်လ်မိုတို့ ယှဉ်ပြိုင်ကြရာမှာတော့ ရှက်တာဒိုးနက်က ၄ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။ ရှက်တာဒိုးနက်အတွက် ၂၉ မိနစ်မှာ Oleksandr Gladky ပထမဂိုး၊ ၄၈ မိနစ်မှာ Darijo Srna က ပယ်နယ်တီမှတဆင့် ဒုတိယဂိုး၊ ၅၅ မိနစ်မှာ Eduardo က တတိယဂိုးနဲ့ ၇၃ မိနစ်မှာ Alex Teixeira က စတုတ္ထဂိုး အသီးသီး သွင်းယူသွားပါတယ်။ ပွဲချိန် ၈၉ မိနစ်မှာ မယ်လ်မိုအသင်းက Kari Arnason ၂ ၀ါ ၁ နီနဲ့ အထုတ်ခံခဲ့ရလို့ ကျန်ပွဲချိန်တွေကို ၁၀ ယောက်တည်းနဲ့ ကစားခဲ့ရပါတယ်။ အုပ်စု အေ ပွဲစဉ် ၄ အပြီးမှာတော့ ရီးရဲလ်က ရမှတ် ၁၀ မှတ်နဲ့ အုပ်စုပထမ၊ ပီအက်စ်ဂျီက ၇ မှတ်နဲ့ ဒုတိယ၊ ရှက်တာဒိုးနက်နဲ့ မယ်လ်မိုတို့က ၃ မှတ်စီတူညီပေမယ့် ဂိုးကွာခြားချက်အရ ရှက်တာဒိုးနက်က အုပ်စု တတိယ၊ မယ်လ်မိုက စတုတ္ထနေရာမှာ အသီးသီး ရပ်တည်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up