Friday, June 9, 2023
HomeLead Storyမကွေးတွင် ၈၈ မျိုးဆက်(ငြိမ်း/ပွင့်) ဆက်သွယ်ရေးတာဝန်ခံတဦး ရိုက်နှက်ခံရ

မကွေးတွင် ၈၈ မျိုးဆက်(ငြိမ်း/ပွင့်) ဆက်သွယ်ရေးတာဝန်ခံတဦး ရိုက်နှက်ခံရ

မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ရေနံမကျေးရွာမှာ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) က ဆက်သွယ်ရေးတာဝန်ခံ ကိုဇော်ဆိုင်း နိုဝင်ဘာ ၃ ရက်ညက ထိုးကြိတ် ရိုက်နှက်ခံခဲ့ရပါတယ်။

ရေနံမကျေးရွာရှိ လက်ဖက်ရည်ဆိုင်က ပြန်လာတဲ့ ကိုဇော်ဆိုင်းကို ကိုစိုးမင်းထွန်း အပါအ၀င် ၃ ဦးက “မင်းလားကွ အန်အယ်လ်ဒီ” လို့ မေးမြန်းပြောဆိုပြီး ထိုးကြိတ် ရိုက်နှက်ခဲ့တာပါ။

ရိုက်နှက်ခံရတဲ့ ကိုဇော်ဆိုင်းမှာ နဖူးနဲ့ ပါးပြင် ကွဲရှဒဏ်ရာတွေ ရခဲ့လို့ ရေနံမကျေးရွာ ရဲစခန်းက ဒု-ရဲအုပ် ဦးစိုးအေးကို အသိပေးထားပြီး နိုဝင်ဘာ ၄ ရက်နေ့မှာ ဒီကိစ္စနဲ့ပတ်သက်လို့ ဆက်လက်ဖြေရှင်းမယ်လို့ ကိုဇော်ဆိုင်းက ပြောပါတယ်။

ဓာတ်ပုံ – ကိုဇော်ဆိုင်းဖေ့စ်ဘွတ်ခ်

 

RELATED ARTICLES
- Advertisment -
Google search engine

Most Popular