၂၁ ကြိမ်မြောက် နိုင်ငံတကာ စွန်လွှတ်ပွဲတော်

တောင်အာဖရိကနိုင်ငံ၊ ကိပ်တောင်းမြို့မှာ နိုင်ငံတွင်း စိတ်ကျန်းမာရေးဆိုင်ရာ အထောက်အကူ ပြုနိုင်စေဖို့ ရည်ရွယ်ပြီး ၂၁ ကြိမ်မြောက် နိုင်ငံတကာ စွန်လွှတ်ပွဲတော်ကို အောက်တိုဘာ ၃၁ ရက်နေ့က ကျင်းပခဲ့ပါတယ်။ နှစ်စဉ်ကျင်းပတဲ့ အဲဒီ ပရဟိတပွဲတော်ကို တကမ္ဘာလုံးက စွန်ပြုလုပ်သူ၊ စွန်လွှတ်သူ စတဲ့ ပရိသတ်ပေါင်း ၂ သောင်းကျော်လောက် လာရောက်လေ့ရှိပြီး အုပ်စုလိုက် အလှပြ စွန်လွှတ်သရုပ်ဖော် တင်ဆက်မှုတွေ လုပ်ကြတယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။ ကလေးငယ်တွေနဲ့ အရွယ်ရောက်ပြီးသူတွေဟာ စွန်ပြုလုပ်ခြင်းဆိုင်ရာ အခမဲ့ ဆွေးနွေးပွဲတွေကို တက်ရောက်ခွင့် ရရှိခဲ့ကြပြီး သူတို့ကိုယ်တိုင် ပြုလုပ်ထားတဲ့ လက်ဆောင်ပစ္စည်းတွေကို အိမ်အပြန်မှာ ယူဆောင်ခွင့်လည်း ရရှိခဲ့တယ်လို့ သတင်းက ဆိုပါတယ်။ ဒီပရဟိတပွဲတော်ဟာ တဦးချင်းရော၊ အဖွဲ့အစည်းတွေ အနေနဲ့ပါ စိတ်ကျန်းမာရေးဆိုင်ရာ ပြဿ နာတွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ထောက်ပံ့ကူညီမှုပေးနိုင်ဖို့ ရန်ပုံငွေရှာဖွေ ထောက်ပံ့မှုတွေ ပြုလုပ်တဲ့ ပွဲတခုလည်း ဖြစ်ပါတယ်။ ဓာတ်ပုံ - စီစီတီဗွီ  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up