A d v e r t i s e m e n t With Us

ချန်ပီယံလိဂ်ပွဲစဉ် ဆီဗီလာ ၁ – ၃ မန်စီးတီး၊ မိုချန်ဂလာဘတ် ၁ – ၁ ဂျူဗင်တပ် (ရုပ်သံဟိုက်လိုက်)

ချန်ပီယံလိဂ် အုပ်စု ဒီ ပွဲစဉ်အဖြစ် စပိန်ကလပ် ဆီဗီလာနဲ့ ပရီးမီးယားလိဂ်ကလပ် မန်စီးတီးတို့ ပွဲစဉ်မှာ မန်စီးတီးက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ နိုဝင်ဘာ ၃ ရက်ညက  ဆီဗီလာကွင်းမှာ ယှဉ်ပြိုင်ကစားကြတာဖြစ်ပြီး ဂိုးတွေအားလုံးကို ပထမပိုင်းမှာတင် သွင်းယူသွားခဲ့ကြတာပါ။ မန်စီးတီးအတွက် အနိုင်ဂိုးတွေကို ၈ မိနစ်မှာ စတာလင် (Raheem Sterling)၊ ၁၁ မိနစ်မှာ ဖာနန်ဒင်ဟို (Fernandinho) နဲ့ ၃၆ မိနစ်မှာ ဘိုနီ (Wilfried Bony) တို့က သွင်းယူပေးခဲ့ပြီး ဆီဗီလာအတွက် တလုံးတည်းသော ချေပဂိုးကိုတော့ ပွဲချိန် ၂၅ မိနစ်မှာ ဘီနွိုက် ထရီမူလီနာ့စ် (Benoit Tremoulinas) က သွင်းယူပေးခဲ့ပါတယ်။ အုပ်စု ဒီ အခြားပွဲစဉ်အဖြစ် ဂျာမန်ကလပ် မိုချန်ဂလာဘတ်နဲ့ အီတလီထိပ်သီး ဂျူဗင်တပ်တို့ ပွဲစဉ်မှာတော့ တဘက် ၁ ဂိုးစီနဲ့ သရေကျသွားပါတယ်။ ဂလာဘတ်အတွက် အဖွင့်ဂိုးကို ပွဲချိန် ၁၉ မိနစ်မှာ ဖေဘီယန် ဂျွန်ဆင် (Fabian Johnson) က သွင်းယူပေးခဲ့ပြီး ဂျူဗင်တပ်အတွက် ချေပဂိုးကိုတော့ ၄၄ မိနစ်မှာ စတီဖန် လင့်ခ်ျစတိုင်နာ (Stephan Lichtsteiner) က သွင်းယူပေးခဲ့ပါတယ်။ ပွဲချိန် ၅၅ မိနစ်မှာ ဂျူဗင်တပ်က ဟာနာနက်စ် (Hernanes) တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံခဲ့ရလို့ ၁၀ ယောက်တည်းနဲ့ ကစားခဲ့ရပေမယ့် မိုချန်ဂလာဘတ် အသုံးမချနိုင်ခဲ့လို့ ၁ ဂိုးစီ သရေနဲ့ပဲ ပွဲပြီးသွားခဲ့တာပါ။ အုပ်စုတွင်း ၄ ပွဲ ကစားပြီးချိန်မှာတော့ မန်စီးတီးက ၉ မှတ်နဲ့ အုပ်စုပထမ၊ ဂျူဗင်တပ်က ၈ မှတ်နဲ့ ဒုတိယ၊ ဆီဗီလာက ၃ မှတ်နဲ့ အုပ်စု တတိယ၊ မိုချန်ဂလာဘတ်ကတော့ ၂ မှတ်နဲ့ အုပ်စု အောက်ဆုံးမှာ ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up