A d v e r t i s e m e n t With Us

ဝိန်းရွန်နီ၏ သွင်းဂိုးဖြင့် ချန်ပီယံလိဂ်တွင် အနိုင်ရသည့် မန်ယူ (ရုပ်သံဟိုက်လိုက်)

ချန်ပီယံလိဂ် အုပ်စု ဘီ ပွဲစဉ် ၄ အဖြစ် ပရီးမီးယားလိဂ်ကလပ် မန်ယူနဲ့ ရုရှားကလပ် စီအက်စ်ကေအေ မော်စကိုတို့ နိုဝင်ဘာ ၃ ရက်က ယှဉ်ပြိုင်ကစားကြရာ မန်ယူက အိမ်ကွင်းမှာ ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ မန်ယူအတွက် တလုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၇၉ မိနစ်မှာ လူငယ်ကစားသမား လင်ဂတ် ဂိုးရှေ့မတင်ပေးတဲ့ဘောလုံးကို အသင်းခေါင်းဆောင် ၀ိန်းရွန်နီက ခေါင်းတိုက်ပြီး သွင်းယူပေးခဲ့တာပါ။ ဒီပွဲအနိုင်ရသွားတဲ့အတွက် မန်ယူအသင်းဟာ ရမှတ် ၇ မှတ်နဲ့ အမှတ်ပေးဇယား ထိပ်ဆုံးက ဦးဆောင်နိုင်ခဲ့ပါတယ်။ အုပ်စု ဘီ အခြားပွဲစဉ်အဖြစ် နယ်သာလန်ကလပ် ပီအက်စ်ဗွီနဲ့ ဂျာမန်ကလပ် ၀ုဖ်ဘတ်တို့ ယှဉ်ပြိုင်ရာမှာ ပီအက်စ်ဗွီက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ အုပ်စုပွဲစဉ် ၄ အပြီး ပီအက်စ်ဗွီနဲ့ ၀ုဖ်ဘတ်တို့ဟာ ၆ မှတ်စီနဲ့ ရမှတ်တူ၊ ဂိုးကွာခြားချက်တူပေမယ့် သွင်းဂိုးပိုများတဲ့ ပီအက်စ်ဗွီက အုပ်စု ဒုတိယ၊ ၀ုဖ်ဘတ်က အုပ်စု တတိယနေရာမှာ အသီးသီး ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up