Sunday, May 28, 2023
Homeနိုင်ငံတကာပန္ဒါ ၀က်ဝံပေါက်စလေးများ၏ အထိန်းတော် (ရုပ်သံ)

ပန်ဒါ ၀က်ဝံပေါက်စလေးများ၏ အထိန်းတော် (ရုပ်သံ)

တရုတ်နိုင်ငံ၊ ယန်းမြို့တော်က ဘိုင်ဖန်ဇီယာ ပန်ဒါဝက်ဝံဘေးမဲ့ဇုန်မှာ ၀က်ဝံပေါက်စလေးတွေကို ထိန်းကျောင်းရတဲ့ အထိန်းတော်တွေရဲ့ တနေ့တာ လုပ်ငန်းဆောင်တာတွေကို ယူကျုအင်တာနက်စာမျက်နှာမှာ အိုင်ပန်ဒါချန်နယ်လ်က တင်ခဲ့ပါတယ်။

အဲဒီဗွီဒီယိုဖိုင်အညွှန်းမှာ “ယန်းမြို့တော်၊ ဘိုင်ဖန်ဇီယာ ပန်ဒါဝက်ဝံ ဘေးမဲ့ဇုန်ထဲမှာ ၀က်ဝံပေါက်စလေးတွေကို အထိန်းတွေက ၃၆၅ ရက်လုံးလုံး ပြုစုစောင့်ရှောက်နေရပြီး အဲဒီ အထိန်းတော်တွေရဲ့ ၀မ်းနည်းမှု၊ ပျော်ရွှင်မှုတွေကို မျှဝေလိုက်တာပါ” လို့ ဖော်ပြထားတာပါ။

ချစ်စရာကောင်းတဲ့ ဒီ ပန်ဒါဝက်ဝံပေါက်စလေးတွေကို ပြုစုစောင့်ရှောက်ရတဲ့ အလုပ်ဟာ ကမ္ဘာပေါ်မှာ ပျော်ရွှင်စရာ အကောင်းဆုံးအလုပ် ဖြစ်တယ်ဆိုတာ ဒီရုပ်သံဗွီဒီယိုဖိုင်က ဖော်ပြလိုက်တာ ဖြစ်တယ်လို့ ယူပီအိုင်သတင်းက ဆိုပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular